EPL: ၅ နှစ်သား ကင်ဆာရောဂါသည်အတွက် ပေါင် နှစ်သိန်း လှူဒါန်းခဲ့တဲ့ အဲဗာတန်

, updated

အမေရိကမှာ ဆေးကုသဖို့အတွက် အဆိုပါကလေးငယ်ဟာ ရန်ပုံငွေတွေ လိုအပ်နေပါသေးတယ်။

play

 

ကင်ဆာရောဂါကို ငယ်ငယ်ရွယ်ရွယ်ခံစားနေရတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက စတာလင်ပေါင် နှစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

play

 

အဲဗာတန်အသင်းက ဆန်းဒါးလန်းအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အဆိုပါကလေးငယ်က ဆန်းဒါးလန်းအသင်းဘက်ကနေ ကစားသမားတွေနဲ့အတူ ကွင်းထဲ ပွဲထွက်လာတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ဘရက်ဒလေလို့ အမည်ရတဲ့ အဆိုပါကလေးငယ်ရဲ့ ကင်ဆာကို ကုသဖို့အတွက် သူ့ရဲ့မိသားစုဟာ စတာလင်ပေါင် ခုနှစ်သိန်းခန့်လိုအပ်နေကြောင်း သိရပါတယ်။

play

 

ဒီအတွက် ရန်ပုံငွေ ရှာနေဆဲဖြစ်တဲ့ ဘရက်ဒလေရဲ့ မိသားစုဟာ ဘောလုံးပရိသတ်တွေကိုလည်း အကူအညီတောင်းခံထားပြီး စတာလင်ပေါင် ၁ ပေါင်ကစလို့  chasethewind.co.uk မှာ ဝင်ရောက်လှူဒါန်းနိုင်ကြောင်း ကြေညာထားပါတယ်။

play

 

ဘရက်ဒလေဟာ နှာခေါင်းမှာတပ်ထားရတဲ့ ဆေးပိုက်တန်းလန်းနဲ့ ဆန်းဒါးလန်း - အဲဗာတန်ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ပါသေးတယ်။ အဲဗာတန်အသင်းက ပေါင် နှစ်သိန်း လှူဒါန်းခဲ့ပြီးနောက် အခုတော့ ဘရက်ဒလေဟာ စုစုပေါင်း အလှူငွေ စတာလင်ပေါင် ၅ သိန်းခန့် ရရှိထားပြီးပြီလို့ သိရပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ