EPL: ယူရိုပါလိဂ် ပြိုင်ပွဲက မန်ယူယှဉ်ပြိုင်ချင်သည့် ပြိုင်ပွဲမဟုတ်ဟု မော်ရင်ဟိုပြော

ယူရိုပါလိဂ် လူစာရင်းမှာ ရွန်နေးကို ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း မော်ရင်ဟိုက ရှင်းပြခဲ့ပါတယ်။

play

 

ယူရိုပါလိဂ် ပြိုင်ပွဲဟာ မန်ယူအသင်း ယှဉ်ပြိင်ချင်တဲ့ ပြိုင်ပွဲမဟုတ်ပေမဲ့ ဒီနှစ်မှာတော့ ချန်ပီယံဖြစ်ချင်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

ယူရိုပါလိဂ်ပြိုင်ပွဲဟာ ကစားသမားတိုင်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲမဟုတ်သလို မိမိလည်း ယှဉ်ပြိုင်ချင်တဲ့ ပြိုင်ပွဲမဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။ ဒီနေ့ညမှာ မန်ယူအသင်းက ယူရိုပါလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဖီယင်နုအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ " ဒီပြိုင်ပွဲက ကျွန်တော်လိုချင်တဲ့ ပြိုင်ပွဲမဟုတ်သလို ကစားသမားတွေ လိုချင်တဲ့ ပြိုင်ပွဲလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ အခု ကစားရမှာ ဖြစ်တာကြောင့် လက်တွေ့ကျကျစဉ်းစားရပါမယ်။ ဘယ်လိုပဲ ဖြစ်စေ ပြိုင်ပွဲကို လေးစားမှု ရှိရှိနဲ့ ကစားပြီး တစ်လျှောက်လုံး ရလဒ်ကောင်းအောင် ကြိုးပမ်းမှာ ဖြစ်ပါတယ်" လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

ယူရိုပါလိဂ် ပွဲစဉ်အတွက် မော်ရင်ဟို ထည့်သွင်းထားတဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် ရွန်နေးလည်း ပါဝင်မလာခဲ့ပါဘူး။ ရာသီအစကတည်းက ပွဲတိုင်းပါဝင်ခဲ့ရတဲ့ ရွန်နေးဟာ အင်္ဂလန်အတွက်လည်း ကစားပေးထားရတာကြောင့် နောက်တစ်ပွဲ ကြံ့ခိုင်မှု ပြည့်စေဖို့ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ