EPL: သေခါနီး အဘိုးအိုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ မန်ယူကစားသမားများ

ကင်ဆာဖြစ်နေတဲ့ အဘိုးအိုရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတာပါ။

play

 

မန်ချက်စတာမြို့မှာ နေထိုင်တဲ့ မန်ချက်စတာ ပရိသတ်တစ်ဦးဟာ အသက်မသေဆုံးမီ မိနစ်ပိုင်းလောက်အလိုမှာ သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားခဲ့ပါတယ်။

ပက်ဒီလော်လာလို့ခေါ်တဲ့ အသက် ၇၃ နှစ်အရွယ် မန်ယူပရိသတ်ဟာ ဆီးကျိတ်ကင်ဆာ ခံစားနေခဲ့ရပြီးနောက် အိပ်ရာထဲ လဲနေခဲ့သူဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ သူမကြာခင် သေဆုံးရတော့မယ်ဆိုတာ ပက်ဒီတစ်ယောက် နားလည်ခဲ့ပြီးနောက် သူမသေဆုံးခင်အချိန်လေးမှာ မန်ယူအသင်းက ကြယ်ပွင့်ကစားသမား  အချို့နဲ့ အပြင်မှာတွေ့ဖူးသွားချင်တယ်လို့ မိသားစုကို တောင်းဆိုခဲ့ပါတယ်။

play

 

အဲဒီနောက် အဘိုးအို ပက်ဒီရဲ့ မြေးဖြစ်သူက ဒီအကြောင်းကိုသူမရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ တင်ပြီး အကူညီတောင်းခံခဲ့ပါတယ်။ သူမရဲ့ပို့စ်ကို ပြန်ပြီးဝေမျှသူတွေဟာ ထောင်ဂဏန်းအထိ ဖြစ်သွားခဲ့ကာ နာမည်ကျော်သွားခဲ့ပါတယ်။ ဒီပို့စ်တင်ပြီး သုံးရက်အကြာမှာ မန်ယူအသင်းကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊  အက်ရှ်လေယန်းနဲ့ ဖိုဆူမန်ဆက်ရှ်တို့က အဘိုးအို ပက်ဒီထံ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

play

 

မန်ယူအသင်း ကစားသမားတွေ မစ္စတာပက်ဒီထံကို လာရောက်အားပေးကြပြီးနောက် ပြန်လည်ထွက်ခွာသွားတဲ့အချိန် ၄၅ မိနစ်သာ ကြာပြီးနောက် အဘိုးအို ပက်ဒီလည်း ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ