EPL: မော်ရင်ဟိုလက်ထက်တွင် ဥရောပပြိုင်ပွဲ စံချိန်ဆိုးတစ်ခု မန်ယူရရှိသွား

ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန်ဆိုးတစ်ခုကို မန်ယူအသင်း ရရှိသွားပါတယ်။

play

 

ယူရိုပါလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်းက ဖီယင်နုကို ရှုံးနိမ့်ပြီးနောက် ဆိုးရွားတဲ့ စံချိန်သစ်တစ်ခုကို ရရှိသွားပါတယ်။ မော်ရင်ဟိုလက်ထက်မှာ နှစ်ပွဲဆက် ရှုံးခဲ့တဲ့ပွဲအဖြစ် မှတ်တမ်းဝင်တဲ့ ဒီပွဲအရှုံးကြောင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲအဝေးကွင်း လေးပွဲဆက်တိုက် ရှုံးနိမ့်တဲ့ စံချိန်ကို ရရှိသွားတာဖြစ်ပါတယ်။

play

 

ယူရိုပါလိဂ်ပွဲဦးထွက်မှာ မန်ယူအသင်းက ဖီယင်နုအိမ်ကွင်းမှာ တစ်လုံးတည်းသော ဂိုးနဲ့ ကပ်ပြီး ရှုံးနိမ့်ခဲ့တာပါ။ မန်စီးတီးနဲ့ ဖီယင်နုပွဲစဉ်မှာ မန်ယူအသင်း ကစားသမားတွေရဲ့ ကစားပုံအတွက်လည်း ဝေဖန်ခံနေရပြီး ပေါ့ဂ်ဘာနဲ့အတူ ကွင်းလယ်ကစားသမားတွေ ခြေစွမ်းမပြနိုင်တာကိုလည်း အပြစ်တင်နေကြပါတယ်။

play

 

မော်ရင်ဟိုကိုယ်တိုင် နှစ်ပွဲဆက်အရှုံးအတွက် စိတ်ပူစရာ မရှိသေးဘူးလို့ ဆိုပေမယ့် ကစားသမားရဲ့ ယုံကြည်မှုဟာ ပျောက်ဆုံးနေတယ်လို့ဆိုထားပါတယ်။ မော်ရင်ဟိုလက်ထက် ရာသီအစမှာပဲ ကလပ်အသင်းဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဥရောပ စံချိန်ဆိုးတစ်ခု ရရှိသွားတာဖြစ်ပါတယ်။

Source : Opta

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ