EPL: မိမိကို မလေးမစားလုပ်သည့် ကစားသမားများကို ကန်ထုတ်ပစ်မည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

အသင်းနဲ့ နည်းပြကို ကစားသမားတိုင်း လေးစားရမယ်လို့ ကွန်တီက သတိပေးထားပါတယ်။

play

 

အသင်းနဲ့ နည်းပြကို မလေးမစားပြုလုပ်တဲ့ ကစားသမားတွေကို အသင်းလူစာရင်းမှာ ထည့်သွင်းမထားပဲ ကန်ထုတ်ပစ်မယ်လို့ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။

play

 

ကွန်တီရဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာ နည်းပြဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးကွင်းနဲ့ အဝတ်လဲခန်းအတွင်းမှာ စိတ်နေစိတ်ထား မကောင်းမွန်တဲ့ ကစားသမားတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ကွန်တီက သတိပေးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ မော်ရင်ဟိုနဲ့ ချယ်လ်ဆီးကစားသမားတွေအကြား ပြဿနာ အနည်းငယ် ရှိခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်း ရလဒ်တွေဆိုးရွားခဲ့တဲ့ အခြေအနေလည်း ဖြစ်ခဲ့ဖူးပါတယ်။

play

 

" ကျွန်တော်အမြဲပြောတယ်။ ပညာရှိဆန်ရမယ်။ လေးစားရမယ်။ လေ့ကျင့်ရေးကွင်းနဲ့ အဝတ်လဲခန်းမှာ ဒါမျိုးမရှိတဲ့ ကစားသမားကို ၂၂ ယောက်ကစားသမား စာရင်းမှာ ကျွန်တော်ထည့်မှာ မဟုတ်ဘူး။ မန်နေဂျာတစ်ယောက်က မျက်လုံးပိတ်ပြီး ဒါတွေမသိချင်ယောင်ဆောင်ရင်တော့ အဝတ်လဲခန်းကို ထိတ်ချုပ်နိုင်တော့မှာ မဟုတ်ပါဘူး" လို့ ချယ်လ်ဆီးနည်းပြကွန်တီက ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ