EPL: အိုလံပစ်ရွှေတံဆိပ် ၉ ခုရှင် အူစိန်ဘို့လ်နှင့် အပြေးပြိုင်မည်ဟု ဘယ်လာရင်ပြော

ဘယ်လာရင်က အာဆင်နယ်မှာ အပြေးအမြန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

play

 

အိုလံပစ်ရွှေတံဆိပ် ၉ ခုရရှိထားတဲ့ ကမ္ဘာ့အမြန်ဆုံး တာတိုအပြေးသမား အူစိန်ဘို့လ်နဲ့ အပြေးပြိုင်ဖို့ အစဉ်သင့်ပဲလို့ အာဆင်နယ် ကစားသမား ဘယ်လာရင်က ပြောကြားလိုက်ပါတယ်။

play

 

အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်ဟာ အသင်းကစားဖော် ဝဲလ်ကော့ အမြန်ဆုံးပြေးနိုင်တဲ့ စံချိန်ကို ကျော်ဖြတ်ထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Puma အားကစားကုမ္ပဏီရဲ့ ပွဲတစ်ခုမှာ အူစိန်ဘို့လ်နဲ့ ယှဉ်ပြိုင်မှုအကြောင်း မေးမြန်းမှုအပေါ် ဘယ်လာရင်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

play

 

" အဲဒါက သူ(အူစိန်ဘို့လ်) ကိုမေးရမှာဗျ။ ကျွန်တော်ကတော့ ဂျာမေကာက ဖုန်းခေါ်တာကို စောင့်နေတယ်။ ကျွန်တော်သူ့ကို စိန်ခေါ်ထားတော့ သူက အိုလံပစ်ပြိုင်ပွဲပြီးရင် ဖြစ်ချင်ဖြစ်မယ်" လို့ ပြောထားကြောင်း ဘယ်လာရင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရီယိုအိုလံပစ် ပြိုင်ပွဲမှာလည်း ဂျာမေကန်အပြေးသမား အူစိန်ဘို့လ်ဟာ ရွှေတံဆိပ် သုံးခုရခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းမှာ အပြေးမြန်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားခြင်းဟာ ရလဒ်ကောင်းဖို့ အရေးပါတဲ့ အရာလို့ ဘယ်လာရင်က ယုံကြည်ထားပြီး ချိန်ဘာလိန်၊ ဝဲလ်ကော့နဲ့ ဘယ်လာရင်တို့ သုံးဦးဟာလည်း အပြေးပြိုင်ဖို့ စီစဉ်နေကြပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ