EPL: ချယ်လ်ဆီးကို လီဗာပူး အနိုင်ရသည့်ပွဲအပြီး တွေးစရာ အချက် (၅) ချက်

, updated

လီဗာပူးအသင်းရဲ့ အကောင်းဆုံး အဆုံးသတ်မှုတွေကြောင့် ချယ်လ်ဆီးအသင်း ရှုံးပွဲ တွေ့ခဲ့ရပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးရဲ့ ပွဲစဉ်မှာ နည်းပြဂျာဂန်ကလော့ရဲ့ အနီရောင်တပ်သားတွေ မျက်နှာပန်း လှခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် ဒီရာသီပထမဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်း ရှုံးပွဲတွေ့ခဲ့ပြီးနောက် ဒီပွဲအပြီး ရလာတဲ့ တွေးစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ နေရာစုံက ဂိုးသွင်းနိုင်ခြင်း

play

 

လီဗာပူးအသင်းက တိုက်စစ်မှူးတွေပဲ ဂိုးသွင်းနိုင်တဲ့မဟုတ်ဘဲ နေရာစုံက ကစာသမားတွေ ဂိုးသွင်းနိုင်တယ်ဆိုတာ ဒီပွဲက သက်သေပြနေပါတယ်။ နောက်ခံလူ လော်ဗရန်နဲ့ ကွင်းလယ်လူ ဟန်ဒါဆင်တို့ရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးဟာ ဒီနှစ် အသင်းလိုက် ကစားအားနဲ့ ရလဒ်ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။

၂။ ဂိုးပေါက်ပျောက်နေဆဲ စတာရစ်ခ်ျ

play

 

လီဗာပူးအသင်းဟာ ဒီရာသီမှာ စတာရစ်ခ်ျရဲ့ ချိုမြိန်တဲ့ ဂိုးတွေကို အခုထိ စားသုံးခွင့်မရသေးပါဘူး။ ချယ်လ်ဆီးကို အနိုင်ရတဲ့ပွဲမှာ စတာရစ်ခ်ျရဲ့ ရုန်းကန်အားတွေကအထောက်အကူပေးခဲ့ပေမဲ့ ကိုယ်တိုင်တော့ ဂိုးပေါက်ပျောက်နေဆဲ ဖြစ်ပါတယ်။

၃။ ခြေစွမ်းမပြနိုင်တဲ့ ကန်တေ

play

 

ဒီရာသီချယ်လ်ဆီး အသင်းမှာ အားထားရတဲ့ ကွင်းလယ်လူ ကန်တေ ဒီပွဲမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့တာကလည်း ချယ်လ်ဆီးကို ရှုံးပွဲတွေ့သွားစေတဲ့ အဓိကအချက် ဖြစ်ပါတယ်။

၎။ အမှားများနေဆဲ မစ်ဂနိုလက်

play

 

 လီဗာပူးဂိုးသမား မစ်ဂနိုလက်ဟာ အမှားများနေဆဲ ဖြစ်တဲ့အပြင် နောက်ခံကစားသမားတွေကိုလည်း ကောင်းကောင်းမညွှန်ကြားနိုင်သေးတာ တွေ့ရပါတယ်။

၅။ အကောင်းဆုံး ပုံစံနှင့်ကော်စတာ

play

 

ချယ်လ်ဆီး ချန်ပီယံဖြစ်ခဲ့တဲ့ ဘောလုံးရာသီတုန်းက ကော်စတာရဲ့ ဟာဇက်တို့ရဲ့ခြေစွမ်းက အဓိကကျခဲ့တာပါ။ အခုလည်း ဒီရာသီမှာ ကော်စတာက အကောင်းဆုံး ပုံစံပြန်ရနေပြီဆိုတာငြင်းမရနိုင်ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ