EPL: ဘာစီလိုနာ ကြယ်ပွင့်နှစ်ဦးကို ခေါ်ရန် မန်စီးတီးတစ်ပြိုင်တည်း ဆွေးနွေး

, updated

နှစ်ဦးလုံးကိုတော့ ဘာစီလိုနာအသင်းက တစ်ပြိုင်တည်း လက်လွှတ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ နေမာကိုခေါ်ယူဖို့မန်စီးတီးအသင်းက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဗြိတိန်သတင်းစာတစ်စောင်က ဖော်ပြလိုက်ပြန်ပါတယ်။

play

 

လက်ရှိမှာ မန်စီးတီးအသင်းက နေမာ၊ မက်ဆီတို့ရဲ့ အပြောင်းအရွှေ့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်သုံးဦးနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေက ဆိုပါတယ်။ နေမာကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး စံချိန်တင် လစာငွေပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားဘက်က ငြင်းဆန်ခဲ့ပါတယ်။ နည်းပြဂွါဒီယိုလာက အလိုရှိရာ ကစားသမားကို ခေါ်ယူပေးမယ်လို့ မန်စီးတီးအသင်း ပိုင်ရှင်က ကတိပေးထားတဲ့အတွက် အခုနေမာနဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ကစားသမားနှစ်ဦးလုံး အပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ ခက်ခဲပေမဲ့ နေမာရဲ့ အပြောင်းအရွှေ့ကတော့ သင့်တော်မှန်ကန်တဲ့ ကမ်းလှမ်းမှုနဲ့ဆိုရင် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရေးသားနေကြပါတယ်။ လက်ရှိမှာ မက်ဆီကလည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ထပ်မချုပ်သေးဘဲ ရှိနေသေးတဲ့အတွက် အပြောင်းအရွှေ့ သတင်းတွေဟာ ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

Source :  Givemesport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ