EPL: ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည့် ပေါ့ဂ်ဘာ ဘက်မှ မော်ရင်ဟိုကာကွယ်

ပေါ့ဂ်ဘာကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးဆိုတာကိုမေ့ထားပြီး ဘောလုံးကိုသာ အာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။

play

 

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ မန်ယူအသင်းကို ရောက်လာတဲ့ ကစားသမားပေါ့ဂ်ဘာအပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြတဲ့အပေါ် နည်းပြမော်ရင်ဟိုက ဘောလုံးသမားဘက်က ကာကွယ်ပြောကြားလိုက်ပါတယ်။

play

 

ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေါ် ပြောင်းရွှေ့ကြေးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ခြင်းမပြုလုပ်ဖို့လည်း မော်ရင်ဟိုက တိုက်တွန်းလိုက်ပါတယ်။ ကစားသမားအနေနဲ့လည်း အသင်းဘက်က ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးဆိုတာကို ခေါင်းထဲမေ့ထားပြီး ဘောလုံးအပေါ်ကိုသာ အာရုံစိုက်ရမယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်ယူအသင်းနဲ့ ပွဲထွက်ကစားတဲ့ အချိန်ကတည်းက ပေါ့ဂ်ဘာဟာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်း မရှိသေးသလို ဂိုးဖန်တီးပေးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

play

 

" ကမ္ဘာ့စံချိန်တင် ကစားသမားတစ်ယောက်ဟာ သူ့ရဲ့စံချိန်ကို နောက်တစ်ယောက်က မကျော်ဖြတ်သရွေ့ အမြဲပဲ မေးခွန်းတွေ ထုတ်ခံရလေ့ရှိပါတယ်။ မန်ယူက ပေါ့ဂ်ဘာအတွက် ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာထက်ပိုပြီး အရေးကြီးတာတွေ ရှိပါတယ်။ ပေါ့ဂ်ဘာကို ကျွန်တော့်အနေနဲ့ ဒီငွေကြေးကိစ္စကိုမေ့ပြီး ဘောလုံးကိုသာ အာရုံစိုက်စေချင်တာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ