EPL: ချယ်လ်ဆီးကို နိုင်ပြီးနောက် ၁၉ နှစ်ကြာတင်ထားသည့် အာစင်ဝင်းဂါးစံချိန်ကို လီဗာပူးနည်းပြ လိုက်မီသွား

, updated

၁၉၉၇ ခုနှစ်မှာ အာစင်ဝင်းဂါး တင်ထားတဲ့စံချိန်ကို ဂျာဂန်ကလော့ လိုက်မီသွားပါတယ်။

play

 

၁၉၉၇ ခုနှစ်မှာ နည်းပြအာစင်ဝင်းဂါး တင်ထားခဲ့တဲ့ စံချိန်ကို လီဗာပူးနည်းပြ ဂျာဂင်ကလော့က ကျော်ဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

နည်းပြသစ်တစ်ယောက်အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ စံချိန်ကို နည်းပြ ဂျာဂန်ကလော့ ရခဲ့တာဖြစ်ပါတယ်။ ၁၉ နှစ်ကြာ တင်ထားခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ စံချိန်ဟာ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ နည်းပြတွေ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘဲ ဂျာဂန်ကလော့အလှည့်မှာ စံချိန်တူအောင် ကြိုးပမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ သောကြာညက ကစားခဲ့တဲ့ ချယ်လ်ဆီးအိမ်ကွင်းမှာ လီဗာပူးက ၁-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် အာစင်ဝင်းဂါးရဲ့ စံချိန်ကို ဂျာဂန်ကလော့ လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

မနှစ်က ဘောလုံးရာသီမှာ ဂျာဂန်ကလော့က လီဗာပူးကိုစတင်ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအိမ်ကွင်း သွားရောက်ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ချယ်လ်ဆီးအိမ်ကွင်း ပထမဆုံး သွားရောက်ကစားခဲ့ရတဲ့ နှစ်ပွဲမှာ ၃-၀၊ ၃-၂ ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ