EPL: ခြေစွမ်းမပြနိုင်လျှင် အဂူရိုကိုလည်း ပွဲထွက်ခွင့်မပေးဟု ဂွါဒီယိုလာ သတိပေး

, updated

အဂူရိုလည်း ပွဲထွက်ခွင့်ရဖို့ အမြဲတမ်း ကြိုးစားနေရမယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုရဲ့ ခြေစွမ်းဟာ မေးခွန်းထုတ်စရာမလိုအောင် ကောင်းမွန်ပေမဲ့ အသင်းပွဲထွက်ခွင့်အတွက်တော့ တိုက်ပွဲဝင်နေရမှာ ဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

မန်စီိးတီးအတွက် ဒီရာသီမှာတင် ဂိုးအများဆုံးသွင်းယူထားတဲ့ အဂူရိုက ဒီနေ့ည ကစားမယ့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ မန်ချက်စတာဒါဘီမှာ ဂိုးသွင်းခဲ့တဲ့ အီဟာနာချိုပဲ ပွဲထွက်လာဖို့ ရှိပြီး ရှော်လ်ကေးအသင်းကနေ ခေါ်ယူထားတဲ့ ဆာနေးကလည်း ပွဲထွက်ခွင့်ရဖို့ စောင့်နေရဆဲ ဖြစ်ပါတယ်။

play

 

" အဂူရိုရဲ့အရည်အချင်းက သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ သူ့ကိုအမြဲယှဉ်ပြိုင်နေမယ့်သူ ရှိဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ကောင်းကောင်း မကစားနိုင်ဘူးဆိုရင် အခြားရှိနေတဲ့သူနဲ့ အစားထိုးခံရမှာ သဘာဝပဲလေ။ လူအားလုံးဒီလိုပါပဲ။ ဂျာနယ်လစ်တွေ၊ မန်နေဂျာတွေ၊ ကစားသမားတွေ အားလုံးဟာ အတူတူပါပဲ။ အောင်မြင်မှုတွေ မရရင် အစားထိုးခံရမှာပါ" လို့ ဂွါဒီယိုလာက ပြောခဲ့တာဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ