EPL: ဒီဘရိုင်း ခြေစွမ်းပြပြီး မန်စီးတီး ရာနှုန်းပြည့် နိုင်ပွဲဆက်နေ

မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဦးဆောင်လျှက် ရှိပါတယ်။

play

 

ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ မန်စီးတီးအသင်းက ဂိုးပြတ်အနိုင်ရပြီး ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

play

 

ဒီဘရိုင်း၊ ဂန်ဒိုဂန်တို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ မန်စီးတီးအသင်းက ဘုန်းမောက်ကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပွဲပြီးခါနီးမှာ ကစားသမားနိုလီတိုက ပြိုင်ဘက်ကစားသမားကို ရန်မူခဲ့လို့ အနီကတ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

play

 

၁၅ မိနစ်မှာ အလွတ်တည်ကန်ဘောကတဆင့် ဒီဘရိုင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ နိုလီတို၊ ဒီဘရိုင်း၊ စတာလင်တို့ရဲ့ တွဲလုံးကတဆင့် အီဟာနာချိုက ကန်သွင်းဖို့ အခွင့်အရေးရခဲ့တာပါ။

play

 

နောက်ထပ် တတိယဂိုးကို ဒီဘရိုင်းနဲ့ အီဟာနာချို တွဲလုံးကတဆင့် စတာလင်က ကန်သွင်းယူခဲ့တာဖြစ်ပြီး ဂန်ဒိုဂန်က စတုတ္ထဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ပွဲစဉ် ၅ အပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။

play

 

တစ်ဖက်မှာ အာဆင်နယ်အသင်းက ဟားလ်စီးတီးကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဝက်စ်ဘရွန်းကလည်း ဝက်စ်ဟမ်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ