EPL: သုံးနှစ်အရွယ် ဘောလုံးသမားလေးကို ပရီးမီးယားလိဂ် အသင်းများ စိတ်ဝင်စားနေ

ဂျေဆွန်က သူ့ရဲ့မိခင်ဖြစ်သူနဲ့ နေ့စဉ်ဘောလုံး ကစားသူ တစ်ယောက်ဖြစ်ပါတယ်။

play

 

အသက်အရွယ်နဲ့မလိုက်အောင် ဘောလုံးစွမ်းရည် တက်မြောက်နေပြီဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေး ဂျေဆွန်ကို မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးအချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

play

 

ဂျေဆွန်ဟာ ဘယ်ဘောလုံးကလပ်အသင်းမှာမှ လေ့ကျင့်နေသူမဟုတ်ဘဲ အိမ်မှာသာ သူ့ရဲ့မိခင်နဲ့ နေ့စဉ် လေ့ကျင့်နေသူဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဂျိုအန်ရက်ကလစ်ဖ်ကလည်း သူမသိသလောက်ဘောလုံးကန်ခြင်းစွမ်းရည်တွေကို သားငယ်အတွက်လေ့ကျင့်ပေးပြီး ဂျေဆွန်က နောက်ထပ် အသက် ၄ နှစ်အရွယ် အစ်ကိုဖြစ်သူနဲ့ နေ့စဉ် ဘောလုံးကစားပါတယ်။

မိခင်ဂျိုအန်ကတော့ သားဖြစ်သူကို ဘောလုံးကစားခွင့်ပြုထားပေမဲ့ တစ်နေ့မှာ နာမည်ကျော် ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်လာဖို့အတွက်တော့ မရည်ရွယ်ထားခဲ့တာ အမှန်ပဲလို့ ဆိုပါတယ်။ သားဖြစ်သူရဲ့ ဘောလုံးစွမ်းရည်ပြနေတဲ့ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်မှာ ဂျိုအန်ကတင်ပြီးနောက်ပိုင်း ပိုလူသိများလာတာဖြစ်ပါတယ်။

play

 

တစ်ရက်မှာ မန်စီးတီးအသင်းရဲ့ ဘောလုံးကင်းထောက်တစ်ဦးက သူမထံ ဖုန်းဆက်တဲ့အခါ အလွန်အံ့အားသင့်ခဲ့ရကြောင်း မိခင်ဂျိုအန်က ပြောပါတယ်။ သားဖြစ်သူ ဂျေဆွန်ကတော့ သုံးနှစ်သာ ရှိသေးပေမဲ့ သူဘယ်တော့ ဘောလုံးအသင်းမှာ ကစားရမှာလည်း ဆိုတာ နေ့တိုင်းမေးနေလေ့ရှိတယ်လို့ ဂျိုအန်က ပြောပါတယ်။ 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ