EPL: သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့သွားတဲ့ မန်ယူ

, updated

မန်ယူအသင်းက ဝက်ဖို့ဒ်ကို ပွဲပြီးခါနီးမှ ပင်နယ်တီပေးခဲ့ရပါသေးတယ်။

play

 

မန်ယူအသင်းက ဒီပွဲမှာ ပေါ့ဂ်ဘာ၊ ရွန်နေး၊ အီဗရာဟီမိုဗစ်ခ်ျ၊ မာရှယ်တို့နဲ့ လူစုံပြန်ပြီး ပွဲထွက်လာခဲ့ပေမဲ့ ပြိုင်ပွဲစုံ သုံးပွဲဆက် ရှုံးပွဲတွေ့ခဲ့ပါတယ်။

play

 

ပွဲအစပိုင်းမှာ အပြန်အလှန် ထိုးဖောက်ခဲ့ကြပြီး ပွဲချိန် ၁၀ မိနစ်မှာ ဖယ်လိုင်နီရဲ့ ကစားပုံကြောင့် ပင်နယ်တီပေးရမလို ဖြစ်ခဲ့ပါသေးတယ်။ ၃၈ မိနစ်မှာ ညာခြမ်းက ပေးပို့မှုကို ကာပူးက အပြင်းပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ဝက်ဖို့ဒ်နောက်ခံလူတွေ တားဆီးနေတဲ့ကြားက ရက်ရှ်ဖို့ဒ်က ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ၈၃ မိနစ်မှာ ဇူနီဂါက မထင်မှတ်ဘဲ ဝက်ဖို့ဒ်အတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပြန်ပါတယ်။

play

 

ပွဲပြီးခါနီမှာ ဖယ်လိုင်နီ ဖျက်ထုတ်ပုံကြမ်းတာကြောင့် ပင်နယ်တီပေးရပြီး ဒီနေးကသွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒီပွဲအရှုံးကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးပြီး ပြိုင်ပွဲစုံ သုံးပွဲဆက်ရှုံးခဲ့ရပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ