EPL: ဝက်ဖို့ဒ် ၃-၁ မန်ယူ ပွဲစဉ်မှ ဝိန်းရွန်နေး၏ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် (၉) ခု

, updated

ရွန်နေးရဲ့ စွမ်းဆောင်ရည်ဟာ ဒီပွဲစဉ်မှာ အသင်းအတွက် အထောက်အကူ မပြုနိုင်ခဲ့ပါဘူး။

play

 

ဝက်ဖို့ဒ်အသင်းကို မန်ယူက ၃-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ သုံးပွဲဆက်တိုက် အရှုံးကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုဟာ ပြင်းထန်ခဲ့ပါတယ်။ ပရိသတ်အချို့ဆိုရင် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရွန်နေးကို အနားယူလိုက်သင့်ပြီလို့ ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်တက်ပြီးဝေဖန်ခဲ့ကြပါတယ်။

ပွဲအပြီး ထွက်လာတဲ့ အချက်အလက်တွေအရ ရွန်နေးရဲ့ စွမ်းဆောင်ရည်ဟာ ဒီပွဲမှာ စိတ်ပျက်ဖွယ် ကောင်းတာကို တွေ့ခဲ့ရပါတယ်။

play

 

၁။ ရွန်နေးဟာ ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘော စုစုပေါင်း ကိုးကြိမ်ကန်ခဲ့ရပေမဲ့ အခွင့်အရေး တစ်ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ရှစ်ကြိမ်ကိုတော့ ဖြုန်းတီးပစ်သလို ဖြစ်ခဲ့ပါတယ်။

၂။ တိုက်စစ်ဖွင့်၊ ကစားကွက် စနစ်တကျနဲ့ တည်ဆောက်ပြီး တိုက်စစ်ဆင်မှု (open play)ကနေ ရွန်နေးဟာ ကိုယ်တိုင်အတွက်ရော၊ ကစားဖော်တွေအတွက်ပါ ဂိုးသွင်းဖို့ အခွင့်အရေး တစ်ကြိမ်မှ မဖန်တီးနိုင်ခဲ့ပါဘူး။

၃။ ပြိုင်ဘက်ကစားသမားတွေကို ကျော်ပြီး ဘောလုံးပေးပို့မှု(throug ball) တစ်ခုမှ အသင်းဖော်တွေအတွက် မလုပ်နိုင်ခဲ့ပါဘူး။

၎။ ဒီပွဲမှာ ဂိုးပေါက်လည်း တစ်ကြိမ်မှ မတည့်ခဲ့ပါဘူး။

၅။ ဂိုးပေါက်ခြိမ်းခြောက်မှုကိုလည်း တစ်ပွဲလုံးမှာ တစ်ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီတစ်ကြိမ်ကလည်း ဂိုးပေါက် မတည့်ခဲ့ပါဘူး။

play

 

၆။ ပြိုင်ဘက်ထံကနေ ဘောလုံးဖျက်ထုတ်မှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။

၇။ ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးကို ခေါင်းချင်းယှဉ်တိုက်ပြီး သုံးကြိမ်လုခဲ့ရာမှာ နှစ်ကြိမ်က ဘောလုံးမထိခဲ့ပါဘူး။

၈။ အရှေ့ကို ဘောလုံးပေးပို့မှုပေါင်း အကြိမ် ၄၀ လောက် ပြုလုပ်ခဲ့ပြီး ၃၃ ကြိမ် အောင်မြင်ခဲ့ပါတယ်။

play

 

၉။ တိုက်စစ်ဆင်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပေမဲ့ တစ်ပွဲလုံး ဝက်ဖိုဒ်ကစားသမား တစ်ယောက်ကိုတောင် အောင်မြင်အောင် မကျော်လွှားနိုင်ခဲ့ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ