EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား (၁၁) ဦး

, updated

ပရီးမီးယားလိဂ်အတွက် ဒီတစ်ပတ်ရဲ့ အကောင်းဆုံး အသင်း ကို ESPN က ရွေးချယ်ပေးထားပါတယ်။

play

 

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၅) အတွက် ESPN ကရွေးချယ်ထားတဲ့ အကောင်းဆုံး ဘောလုံးသအား ၁၁ ဦးစာရင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁။ ပစ်ဖို့ဒ် (ဆန်းဒါးလန်း)

play

 

ဂိုးသမားပစ်ဖို့ဒ်ရဲ့ ဆန်းဒါလန်းက စပါးကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တာပါ။ ဒါပေမဲ့ ပစ်ဖို့ဒ်ကြောင့်သာမဟုတ်ရင် ဆန်းဒါးလန်း ၁၀ ဂိုးလောက် ပေးသွားရနိုင်ပါတယ်။

၂။ ကိုးလ်မန်း (အဲဗာတန်)

အဲဗာတန်အသင်းက မစ်ဒယ်ဘရော့ကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နောက်ခံလူကိုးလ်မန်းက ဂိုးလည်း သွင်းပေးနိုင်ခဲ့ပါသေးတယ်။

၃။ စကော့ဒန်း (ခရစ္စတယ်ပဲလေ့စ်)

စကော့ဒန်းရဲ့ ခြေစွမ်းကလည်း ခရစ္စတယ်ပဲလေ့စ်အနိုင်ရဖို့ အကောင်းဆုံး အထောက်အကူ ပြုခဲ့ပါတယ်။

၎။ လော်ဗရန် (လီဗာပူး)

play

 

ချယ်လ်ဆီးကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ နောက်ခံ ကစားသမားပါ။

၅။ ခရစ္စရှန်ဖက်ရှ်ခ်ျ (လက်စတာ)

လက်စတာအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ခရစ္စရှန်ဖက်ရှ်ခ်ျကလည်း ခြေစွမ်းတောက်ပခဲ့ပါတယ်။

၆။ ဒီဘရိုင်း (မန်စီးတီး)

မန်စီးတီးရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ဒီဘရိုင်းဟာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

၇။ ဂေးယေ (အဲဗာတန်)

အဲဗာတန်ရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

၈။ ကာပူး (ဝက်ဖို့ဒ်)

play

 

မန်ယူပွဲ ကြည့်ရှုခဲ့သူတိုင်း ဝက်ဖို့ဒ် ကစားသမား ကာပူးရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့မှာပါ။ အသင်းအတွက် အဖွင့်ဂိုး သွင်းခဲ့သူဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး လေးဂိုးရှိပါပြီ။

၉။ နေဆာချက်ဒလီ (ဝက်ဘရွန်း)

ဝက်စ်ဘရွန်းက ဝက်စ်ဟမ်းကို ၄-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ စပါးကွင်းလယ် ကစားသမားဟောင်း ဖြစ်ပါတယ်။

၁၀။ ဆန်းချက်ဇ် (အာဆင်နယ်)

အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲအတွက် ဆန်းချက်ဇ်က နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

၁၁။ ဆလီမာနီ (လက်စတာ)

play

 

ဒီတစ်ပတ်  လက်စတာရဲ့ ဂိုးပြတ်နိုင်ပွဲမှာ အရေးပါခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ