EPL: ဝက်ဖို့ဒ်ရှုံးပွဲအတွက် နောက်ခံလူ လုခ်ရှောကို မော်ရင်ဟို အပြစ်တင်

၈၃ မိနစ်မှာ ပေးခဲ့ရတဲ့ ဂိုးအတွက် မော်ရင်ဟိုက လုခ်ရှောကို ရည်ရွယ်ပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။

play

 

ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးပေးခဲ့ရတာဟာ လုခ်ရှောရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ အသင်းနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။

play

 

ဒါ့အပြင် ပွဲကိုတာဝန်ယူခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း မော်ရင်ဟိုက ဝေဖန်ခဲ့ပါသေးတယ်။ နောက်ကျမှ ပေးခဲ့ရတဲ့ ပင်နယ်တီ ဂိုးအပါအဝင် ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် မန်ယူအသင်းဟာ ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် ရှုံးတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေတဲ့အချိန်မှာ ဝက်ဖို့ဒ်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာဟာ လုခ်ရှောရဲ့ နည်းစနစ်အမှားကြောင့်လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

" ကျွန်တော်တို့ဂိုးဧရိယာနဲ့ ၂၅ ကိုက်လောက်အကွာကနေ ပြိုင်ဘက်ကစားသမား ဘောလုံးဆွဲလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သူ့ကို နေရာလွတ်တွေ အများကြီးပေးခဲ့မိတယ်။ အဲဒီကစားသမား ကျွန်တော်တို့ ဂိုးဧရိယာထဲ ရောက်လာတော့လည်း ယုံကြည်ချက်ရှိရှိနဲ့ ဖျက်မထုတ်နိုင်ခဲ့ဘူး" လို့ မော်ရင်ဟိုက လုခ်ရှောကို ရည်ရွယ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ