EPL: သိပ်နောက်မကျခင် မန်ယူအသင်းမှာ မော်ရင်ဟို ပြင်ဆင်ရမယ့် အချက် (၅) ချက်

, updated

သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ပြီးနောက် မန်ယူအသင်းမှာ မော်ရင်ဟို အရေးတကြီး ပြင်ဆင်ရမယ့် အရာ (၅) ခုကို မီဒီယာတွေက ထောက်ပြထားပါတယ်။

play

 

မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးတဲ့အချိန်က စလို့ မန်ယူအသင်းနဲ့ နည်းပြမော်ရင်ဟို ဝေဖန်မှုတွေအောက် ရောက်ခဲ့တာ အခုချိန်ထိ ပြန်ရုန်းမထွက်နိုင်သေးပါဘူး။

ဝက်ဖို့ဒ်အသင်းကိုပါ ရှုံးပြီးနောက် သုံးပွဲဆက်တိုက် ရှုံးနိမ့်သွားတဲ့အတွက် ပရိသတ်တွေဘက်ပါ စိတ်ပျက်သံတွေ ထွက်လာခဲ့ပြန်ပါတယ်။ အရှေ့မှာ မန်ယူပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ဖိအားကို ခံနိုင်စွမ်းမရှိလို့ နည်းပြနှစ်ဦး အသင်းကို ကျောခိုင်းခဲ့ရပြီးပါပြီ။ ဒီလိုမဖြစ်ဖို့အတွက် မန်ယူအသင်းမှာ မော်ရင်ဟို အချိန်မီ ပြန်လည်ပြင်ဆင်ရမယ့် အချက် (၅) ချက်ရှိပါတယ်။

၁။ ရွန်နေးနှင့် အသင်းကစားကွက်

play

 

ပရိသတ်တွေနဲ့ ဘောလုံးပွဲ ဝေဖန်သူတွေကတော့ ရွန်နေးကြောင့် မန်ယူအသင်းရဲ့ ကစားကွက်ဟာ တည်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အချို့ကလည်း ရွန်နေးကိုကွင်းလယ်နေရာထက် ပိုပြီးအဆင်ပြေတဲ့နေရာပို့ဖို့ အကြံပြုထားကြပါတယ်။ ကွင်းလယ်မှာ အတည်တကျ ဖြစ်မနေတဲ့ ရွန်နေးကို ကစားကွက် ပြောင်းရင်ပြောင်း၊ မပြောင်းရင်တော့ အသင်းပွဲထွက်စာရင်းကနေ ခဏ ဖယ်ထားရတော့မှာ ဖြစ်ပါတယ်။

၂။ အကောင်းဆုံး ခံစစ်အတွဲ

play

 

အကောင်းဆုံး ဗဟိုခံစစ်အတွဲက ဘယ်သူတွေလဲဆိုတာ မော်ရင်ဟို သိဖို့  လိုနေပါတယ်။ ဖာဒီနန်နဲ့ ဗီဒစ်လို ထိပ်တန်းကောင်းမွန်တဲ့ ခံစစ်အတွဲမျိုး  ချက်ချင်းရောက်လာစရာ မလိုပေမဲ့ လက်ရှိမှာ ဘယ်ခံစစ်အတွဲက အကောင်းဆုံးလဲဆိုတာ သိထားဖို့ လိုနေပါပြီ။ အဲရစ်ဘိုင်လီနဲ့ ဘလင်း ပထမဆုံးလေးပွဲမှာ ပွဲထုတ်ခဲ့တုန်းက ၂ ဂိုးပဲ ပေးခဲ့ရပါတယ်။ မန်စီးတီးကို ရှုံးပြီးတော့ စမောလင်းကိုလည်း ပွဲထုတ်လာတဲ့ အချိန်မှာ ပိုပြီး ရှုံးပွဲတွေ့လာနေရလို့ ဘယ်သူအကောင်းဆုံးလဲဆိုတာ မော်ရင်ဟို သိဖို့လိုနေပါပြီ။

၃။ ပေါ့ဂ်ဘာ

play

 

ပေါ့ဂ်ဘာရဲ့ ခြေစွမ်းဟာ ပေးရတဲ့ငွေကြေးနဲ့ ဘာမှမဆိုင်အောင်ကို အသင်းအတွက် အထောက်အကူ မပြုနိုင်သေးပါဘူး။ ပေါ့ဂ်ဘာ အကောင်းဆုံးခြေစွမ်းရဖို့ကလည်း မော်ရင်ဟိုမှာ တာဝန်ရှိပါတယ်။

၎။ ဝေဖန်ပြစ်တင်ခြင်း

play

 

မော်ရင်ဟို လုပ်လေ့ရှိတဲ့အမှားက ကစားသမားတွေကို ဝေဖန်တာပါပဲ။ ချယ်လ်ဆီးမှာလည်း ဒီအမှားကြောင့် ကစားသမားတွေရဲ့ပညာပြမှုကို ခံခဲ့ရပြီးပါပြီ။ အသင်းရဲ့ အဓိက ကစားသမားတွေကို ဝေဖန်ပြစ်တင်တာမျိုး မော်ရင်ဟို ရပ်သင့်ပါပြီ။

၅။ အရင်လို မန်ယူအသင်း ရဖို့လိုအပ်

play

 

၁၉၉၀ ကစလို့ ၂၀၀၀ ပြည့်နှစ်ကျော်တဲ့အထိ မန်ယူအသင်းဟာ အခြားသော အသင်းကြီးတွေနဲ့ မတူအောင် ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။ ဖာဂူဆန်ရဲ့တည်ဆောက်ပုံကြောင့် မန်ယူအသင်းဆိုတာနဲ့ ခံစစ်နဲ့ ပိတ်ကစားမယ်ဆိုတဲ့ အတွေးမျိုး အသင်းငယ်၊ အသင်းလတ်တွေမှာ ဝင်ခဲ့ကြတာပါ။ အခုတော့ အသင်းတိုင်းက မန်ယူကို ရှိန်မနေတော့ဘဲ အနိုင်ရဖို့ အခြားအသင်းတွေထက်တောင် ပိုပြီး တိုက်စစ်ဆင် ကစားနေကြတာတွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ