EPL: အာဆင်နယ် နောက်ခံကစားသမားကို ခေါ်ယူချင်ဟု ဘာစီလိုနာအသင်း အတည်ပြု

, updated

လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အာဆင်နယ်အသင်း အဓိက ဘယ်နောက်ခံလူ ဘယ်လာရင်ကို ဆုံးရှုံးရဖွယ် ရှိနေပါတ်ယ။

play

 

အာဆင်နယ်အသင်း နောက်ခံကစားသမား ဘယ်လာရင်ကို ဘာစီလိုနာအသင်းထံ ရောက်လာစေချင်တဲ့ ဆန္ဒရှိကြောင်း ဘာစီလိုနာအသင်း ဒုတိယဥက္ကဋ္ဌ ဂျော်ဒီမက်စတာက ပြောကြားလိုက်ပါတယ်။

ဘယ်နောက်ခံ ကစားသမား ဘယ်လာရင်ဟာ ဘာစီလိုနာလူငယ်အသင်းမှာ နေရာမရဖြစ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ရောက်လာခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ၇၇ ပွဲကစားခဲ့ပြီးနောက် အခု ပထမအသင်းကြီးလူစာရင်းအတွက် နည်းပြအာစင်ဝင်းဂါးရဲ့ စိတ်အချရဆုံး ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ဘယ်လာရင်ဆီမှာ ကတ်တလန်သွေးတွေ စီးဆင်းနေတယ်လို့  ဘာစီလိုနာအသင်း ဒုတိယဥက္ကဋ္ဌ မက်စတာက ပြောပါတယ်။

play

 

" သူက ကတ်တလန်အသင်းသား တစ်ယောက် ဖြစ်ခဲ့ပြီးသားပါ။ ကစားသမားကောင်းတစ်ယောက်ဆိုတာလည်း သံသယ ဖြစ်စရာ မရှိပါဘူး။ အဲဗက်စ်ရှိနေတဲ့ အချိန်အတွင်းမှာ နှစ်နှစ်အတွင်း သူ့အတွက် နေရာအာမခံချက် မပေးနိုင်ခဲ့လို့ပါ" လို့ မက်စတာ ကပြောပါတယ်။

အခုတော့ ဘယ်နောက်ခံ ကစားသမား အဲဗက်စ်လည်း ဘာစီလိုနာအသင်းက ထွက်ခွာသွားပြီဖြစ်ပါတယ်။

play

 

အသင်းကထွက်သွားပြီး အတွေ့အကြုံကြွယ်စွာနဲ့ အသင်းကို ပြန်ရောက်လာကြတဲ့ ဖာဘရီဂတ်စ်၊ ဂျရတ်ပီကေး၊ ဂျော်ဒီအယ်လ်ဘာတို့လို့ပဲ ဘယ်လာရင်ကိုလည်း ပြန်လည်ခေါ်ယူနိုင်မယ်လို့ ဘာစီလိုနာအသင်းက ယုံကြည်လျက်ရှိကြောင်း ဒုဥက္ကဋ္ဌ မက်စတာက ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ