EPL: အာဆင်နယ်ကို ဂိုးသွင်းလျှင် အောင်ပွဲခံမည်ဟု ဘန်တနာပြော

, updated

နော်တင်ဟမ်ဖောရက်စ်နဲ့ အာဆင်နယ်အသင်းက ယနေ့ည လိဂ်ဖလား တတိယအဆင့်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းနဲ့ ပြန်လည်ဆုံတွေ့ရမယ့် လိဂ်ဖလားပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်ကို ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ နောတင်ဟမ်ဖောရက်စ်ကစားသမား ဘန်တနာက ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လိဂ်ဖလား တတိယအဆင့်ပြိုင်ပွဲမှာ ယနေ့ည (စက်တင်ဘာ ၂၀) တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း အသင်းကထွက်ခွာခဲ့တဲ့ ဘန်တနာက အခု နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ တိုက်စစ်မှူးအဖြစ် ကစားနေတာပါ။

 

" ဒီပွဲအတွက် နော်တင်ဟမ်ဖောရက်စ်ရလဒ်ကောင်းဖို့ အတွက် ကျွန်တော်တို့ ကြိုးစားမှာပါ။ ဒီတော့ အသင်းအတွက် ဂိုးသွင်းနိုင်ရင်ကျွန်တော် အောင်ပွဲခံမှာပါ။ အာဆင်နယ်နဲ့ပွဲမှာ ရလဒ်ကောင်းရဖို့ ခက်ခဲမှာဖြစ်ပေမဲ့ ကျွန်တော်တို့ ယုံကြည်ချက် အပြည့်ရှိပါတယ်" လို့ ဘန်တနာက ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ