EPL: ရွန်နေးကို အသင်းလူစာရင်းမှ ချန်လှပ်ထားရန် ပရိသတ် ၉၉ ရာခိုင်နှုန်းမဲပေး

, updated

အွန်လိုင်းမှာ စစ်တမ်းကောက်ယူခဲ့ရာမှာ ဒီရလဒ်ထွက်လာခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဝိန်းရွန်နေးကို ပွဲထွက်လူစာရင်းက ချန်လှပ်ထားသင့်၊ မသင့် စစ်တမ်းကောက်ယူရာမှာ ပရိသတ် အကုန်လုံးနီးပါးက ချန်လှပ်ထားခဲ့သင့်ကြောင်း မဲပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဗြိတိန်လူမှုကွန်ရက်အင်တာနက်အသုံးပြုသူ အများဆုံး သုံးစွဲတဲ့ redissue ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အဆိုပါစစ်တမ်းကို ကောက်ယူခဲ့တာပါ။ မန်ယူအသင်းမှာ ရွန်နေးရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မယ်လို့ သင်ထင်ပါသလဲ ဆိုပြီးမေးမြန်းထားတဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုသူတွေထဲမှာ ၉၉.၀၈ ရာခိုင်နှုန်းက အသင်းပွဲထွက်လူစာရင်းကနေ ထုတ်ထားသင့်ကြောင်း မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

မကြာသေးခင်ကလည်း ရွန်နေးကို အသင်းလူစာရင်းက ထုတ်ထားမယ်ဆိုရင်လည်း ဘာပြဿနာမှ မရှိကြောင်း မော်ရင်ဟိုက မီဒီယာတွေကို ပြောကြားထားပါသေးတယ်။ ဝက်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် အသင်းပရိသတ်အချို့နဲ့ ဝေဖန်သူတွေကလည်း ရွန်နေးပြဿနာကို မော်ရင်ဟို တိတိကျကျအဖြေရှာရမယ့်အချိန်ရောက်ပြီလို့ တူညီစွာ မှတ်ချက်ပေးထားကြပါတယ်။ " ကျွန်တော်သူ့ကို လူစာရင်းက ချန်ခဲ့လို့ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး" လို့မော်ရင်ဟိုက ပြောထားဖူးပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ