EPL: ချယ်လ်ဆီး၊ အာဆင်နယ် နှင့် လီဗာပူးတို့ အားလုံး အနိုင်ရပြီးနောက်တစ်ဆင့်တက်

, updated

ချယ်လ်ဆီးအတွက် ဖာဘရီဂတ်စ်က အနိုင်ဂိုးတွေသွင်းပေးခဲ့ပြီး အာဆင်နယ်အတွက် ကစားသမားသစ် လူးကပ်စ် ဂိုးပေါက်တွေ့ခဲ့ပါတယ်။

play

 

အင်္ဂါနေ့ ညက ကစားခဲ့တဲ့ EFL လိဂ်ဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူး အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီ ရခဲ့ကြောင်း သိရပါတယ်။

play

 

ချယ်လ်ဆီးအသင်းက တစ်ယောက်အနီကတ်နဲ့ ထွက်ခဲ့ရတဲ့ လက်စတာအသင်းကို နောက်က လေးဂိုးလိုက်သွင်းပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ လက်စတာအသင်းဘက်က တိုက်စစ်ကစားသမား အိုကာဇာကာကီက နှစ်ဂိုးအရင်သွင်းခဲ့လို့ ချယ်လ်ဆီးအခက်တွေ့ခဲ့ရပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ကာဟေးလ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး လေးမိနစ် အကြာမှာ အက်ဇပီလီကွယ်တာက ဒုတိယချေပဂိုး သွင်းခဲ့ပြီးတဲ့နောက် အချိန်ပို ကစားတဲ့အချိန်မှာ ဖာဘဂရီဂတ်စ်က ချယ်လ်ဆီးအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းက အသင်းငယ် ဒါဘီကို ကော်တင်ဟို၊ အီုရီဂီတို့ရဲ့သွင်းဂိုးတွေအပါအဝင် ၃-၀ ဂိုးနဲ့ နိုင်ပွဲရပြီး စတုတ္ထအဆင့်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

play

 

တစ်ဖက်မှာလည်း အာဆင်နယ်အသင်းက အသင်းရဲ့ တိုက်စစ်မှူးအသစ် လူးကပ်စ်ရဲ့ ဂိုးတွေအပါအဝင် ရှာခါ၊ ချိန်ဘာလိန်တို့ရဲ့ ဂိုးတွေအနဲ့အတူ နော်တင်ဟမ်ဖောရက်စ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာ မန်ယူ၊ မန်စီးတီး၊ စပါး အသင်းတို့ရဲ့ ပွဲစဉ်တွေ ဆက်လက်ကစားကြမှာ ဖြစ်ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ