EPL: မန်စီးတီး မကြာခင် ရှုံးပွဲတွေ့ဖို့ လိုအပ်ဟု နည်းပြဂွါဒီယိုလာ အရွှမ်းဖောက်

, updated

အသင်းတစ်သင်းက အမြဲနိုင်ပွဲရဖို့ မဖြစ်နိုင်ဘူးလို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

ပရီးမီးယားလိဂ် ရာသီအစမှာ ရာနှုန်းပြည့် နိုင်ပွဲရနေပေမဲ့ မကြာခင် ရှုံးပွဲတွေဖို့ ဒါမှမဟုတ် အမှတ်တွေဆုံးရှုံးဖို့ဆိုတာလည်း ကြိုပြီး မျှော်လင့်ထားတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

play

 

လက်ရှိမှာ ပရီးမီးယားလိဂ် ငါးပွဲအပါအဝင် မန်စီးတီးအသင်းနဲ့ ပြိုင်ပွဲစုံ ရှစ်ပွဲမှာ ရှစ်ပွဲလုံး အနိုင်ရအောင် ကစားထားနိုင်တဲ့ အတွက် ဂွါဒီယိုလာဟာ အောင်ပွဲခံလျက် ရှိပါတယ်။ မန်စီးတီးအသင်း အချို့ပွဲစဉ်တွေမှာ ရမှတ်တွေဆုံးရှုံးပြီး ရှုံးပွဲတွေ့တဲ့အခါ ရင်ဆိုင်ရမယ့် အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားတယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

play

 

" ကျွန်တော်တို့ မကြာခင် အမှတ်တွေဆုံးရှုံးမှာပါ။ ရှုံးပွဲတွေလည်း တွေ့မှာပါ။ ဒါပေမဲ့ ရှုံးပွဲတွေ့ရင် ဘာတွေ ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ အသင်းတစ်သင်းက ပွဲတိုင်းနိုင်ပြီး အမြဲခြေစွမ်းပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" လို့ ပြောပါတယ်။ မန်စီးတီးအနေနဲ့ သိပ်မကြာခင်မှာ ရှုံးပွဲတွေ့ရင်တောင် ကောင်းမယ်လို့ ဂွါဒီယိုလာက အရွှမ်းဖောက်ခဲ့ပါသေးတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ