EPL: နည်းပြဟောင်း ဗန်ဟားလ်ကြောင့် မန်ယူအခုထိ မတည်ငြိမ်သေးဟု မော်ရင်ဟို ယူဆထား

, updated

လက်ရှိ ရှုံးပွဲတွေ ဆက်နေရတာဟာ နည်းပြဟောင်းရဲ့ ဂယက်တွေကြောင့်ဖြစ်တယ်လို့ မော်ရင်ဟိုက ယူဆထားပါတယ်။

play

 

လက်ရှိမန်ယူအသင်း ရလဒ်တွေ ဆိုးရွားနေမှုဟာ အရင်အသင်းနည်းပြဟောင်း လူးဝစ္စဗန်ဟားလ် ချန်ရစ်ခဲ့တဲ့ ပြဿနာတွေကြောင့် ဖြစ်ကြောင်း မော်ရင်ဟိုက ထင်နေတယ်လို့ ဗြိတိန်မီဒီယာအချို့က ဖော်ပြကြပါတယ်။

play

 

ယနေ့ ထွက်လာတဲ့ ဗြိတိန်သတင်းစာတွေထဲမှာတော့ နည်းပြဗန်ဟားလ်လက်အောက်မှာ ကစားကွက်မတည်မငြိမ်ဖြစ်ခဲ့ရတာတွေကြောင့် အခုထိ မန်ယူကစားသမားတွေဟာ ပုံမှန်အခြေအနေကို မရောက်သေးဘူးလို့ မော်ရင်ဟိုက မိတ်ဆွေတွေထံ ဖွင့်ဟထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် မန်ယူအသင်းကို ဟော်လန်နည်းပြဟောင်း ဗန်ဟားလ် ကိုင်တွယ်ခဲ့ပြီးနောက် အခုနှစ် နွေရာသီမှာ မော်ရင်ဟိုက လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ဝက်ဖို့ဒ်ကို ရှုံးပြီးတဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဒုတိယဦးဆောင်ဂိုးအတွက် လုခ်ရှောကို မော်ရင်ဟိုက အပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။ ဒါတင်မဟုတ်ဘဲ အသင်းမှာ ဟာရဲယားလို ကစားသမားမျိုးကလည်း နည်းပြဗန်ဟားလ်လက်အောက်မှာ နေရာအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ပြောင်းလဲ ကစားခဲ့ရတာကြောင့် အခုထိ အသားမကျသေးဘူးလို့ မော်ရင်ဟိုက ထင်နေကြောင်း Daily Mail နဲ့ Mirror သတင်းစာက ဖော်ပြပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ