EPL: လိဂ်ဖလားပြိုင်ပွဲမှာ မန်ယူနဲ့ မန်စီးတီး ပြန်လည် တွေ့ဆုံရဦးမည်

လိဂ်ဖလား ၁၆ သင်းအဆင့်ပြိုင်ပွဲမှာ ဒီနှစ်သင်း လာရောက်တွေ့ဆုံနေပါတယ်။

play

 

လိဂ်ဖလား ပြိုင်ပွဲ တတိယအဆင့်မှာ နိုင်ပွဲရခဲ့တဲ့မန်ယူအသင်းဟာ နောက်တစ်ဆင့်မှာ မန်စီးတီးနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက လိဂ်ဖလား ပြိုင်ပွဲ တတိယအဆင့်မှာ နော်သမ်တန်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာနဲ့ မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး မန်ချက်စတာဒါဘီကို စက်တင်ဘာ ၁၀ ရက်နေ့က ကစားခဲ့ပြီးပြီဖြစ်ပါတယ်။ လိဂ်ဖလား ၁၆ သင်းအဆင့် ပြိုင်ပွဲရဲ့ မန်ချက်စတာဒါဘီကို လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

play

 

လိဂ်ဖလား ၁၆ သင်းအဆင့်မှာ မန်ချက်စတာ ဒါဘီအပြင် မနှစ်က ဗိုလ်လုပွဲရောက်ခဲ့တဲ့ လီဗာပူးအသင်းနဲ့ စပါးတို့ရဲ့ပွဲစဉ်ကိုလည်း ကြည့်ကြရမှာဖြစ်ပါတယ်။

ပွဲစဉ်များ

ဝက်စ်ဟမ်း - ချယ်လ်ဆီး

မန်ယူ - မန်စီးတီး

အာဆင်နယ် - ရီးဒင်း

လီဗာပူး - စပါး

ဘရစ္စတိုး - ဟားလ်စီးတီး

လိဒ် - နောဝှစ်

နယူးကာဆယ် - ပရစ္စတန်

ဆောက်သမ်တန် - ဆန်းဒါးလန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ