EPL: အောက်တိုဘာလအတွင်း ပွဲကျပ်များ ရင်ဆိုင်ရမည်ဖြစ်သဖြင့် မော်ရင်ဟို ဖိအားများနေ

မန်ယူဟာ ပြိုင်ဘက်အသင်းကြီးတွေနဲ့ အောက်တိုဘာလမှာ ကိုးရက်အတွင်း လေးပွဲ ကစားရမှာဖြစ်ပါတယ်။

play

 

လာမယ့် အောက်တိုဘာလအတွင်းမှာ နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပွဲကျပ်တွေ ရင်ဆိုင်ရဦးမှာဖြစ်ပြီး ကိုးရက်အတွင်း လေးပွဲ ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာလဟာ မန်ယူအသင်းအတွက် ရလဒ်ကောင်းရဖို့ ခက်ခဲမယ့် ရက်သတ္တပတ်ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ထားကြပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ယူရိုပါလိဂ်မှာလည်း ဖီနာဘာချီအသင်းနဲ့ ကစားရဦးမှာဖြစ်ပါတယ်။

play

 

အောက်တိုဘာ ၁၇ ရက်နေ့မှာ မန်ယူအသင်းက လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး သုံးရက်ကြာရင် ဖီနာဘာချီနဲ့ ယူရိုပါလိဂ် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်ပတ်တည်းမှာပဲ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားဖို့ ချယ်လ်ဆီးအိမ်ကွင်းကို သွားရောက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ အောက်တိုဘာ ၂၆ ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ EFL လိဂ်ဖလားပွဲစဉ်ကို ဆက်ကစားရမှာဖြစ်ပါတယ်။ ကိုးရက်အတွင်း လေးပွဲ ကစားရမှာဖြစ်တဲ့အပြင်အနိုင်ရဖို့ ခက်တဲ့ ပွဲစဉ်တွေဖြစ်တာကြောင့် နည်းပြမော်ရင်ဟို ဖိအားများနေမှာဖြစ်ကြောင်း ဗြိတိန်သတင်းစာတွေက ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ