EPL: ဂျိမ်းစ်ဘွန်းမင်းသားကြောင့် ဝက်စ်ဟမ်းအသင်းအိမ်ကွင်းဟောင်း ဗုံးခွဲခံရ

ဝက်စ်ဟမ်းဘောလုံးအသင်း နှစ်ပေါင်းတစ်ရာကျော်လောက် အသုံးပြုခဲ့တဲ့ အိမ်ကွင်းဟာ ဖောက်ခွဲဖျက်စီး ခံလိုက်ရပါတယ်။

play

 

ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် သရုပ်ဆောင်ဖူးတဲ့ ဗြိတိန်သရုပ်ဆောင် ပီယာ့စ်ဘရော့စနန်ကြောင့် ဝက်စ်ဟမ်းအသင်း အိမ်ကွင်းအဟောင်းဖြစ်တဲ့ အက်တန်ပါ့ခ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play

 

ပီယာ့စ်ဘရော့စနန် ပါဝင်သရုပ်ဆောင်နေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအချို့ကို ဝက်စ်ဟမ်းအသင်း အိမ်ကွင်း အက်တန်ပါ့ခ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ ဖောက်ခွဲမှုအချို့ကို ဘောလုံးကွင်းထဲမှာ ပြုလုပ်ဖို့ တာဝန်ရှိသူတွေ ခွင့်ပြုခဲ့တာပါ။ အက်တန်ပါ့ခ်ဘောလုံးကွင်းက ဝက်စ်ဟမ်းအသင်းမနှစ်ကအထိ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး အခုတော့ အားကစားကွင်းကို ဖျက်ကာ အဆောက်အဦသစ်တွေ ဖန်တီးသွားမှာ ဖြစ်ပါတယ်။

play
ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးစဉ်

 

ဝက်စ်ဟမ်းအသင်း ကာလကြာရှည်အသုံးပြုခဲ့တဲ့ အိမ်ကွင်း ထိုင်ခုံတွေဟာ ဗုံးဖောက်ခွဲမှုကြောင့် လွင့်စင်သွားတာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဝက်စ်ဟမ်းပရိသတ်အချို့က ဓာတ်ပုံတွေကြည့်ပြီး ဝမ်းနည်းနေကြပါတယ်။

Source  : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ