EPL: ရွိုင်ယန်ဂစ်ကို အသင်းမန်နေဂျာအဖြစ် ဆွမ်ဆီး ခန့်အပ်ဖွယ်ရှိ

ဆွမ်ဆီးအသင်းက ရလဒ်တွေ ဆိုးရွားနေလို့ လက်ရှိမန်နေဂျာနဲ့ လမ်းခွဲဖွယ် ရှိပါတယ်။

play

 

မန်ယူအသင်း ကစားဟောင်းအဖြစ်သာမက ယာယီနည်းပြအဖြစ်ပါ ရှိခဲ့ဖူးတဲ့ ရိုင်ယန်ဂစ်ကို ဆွမ်ဆီးအသင်းက မန်နေဂျာအဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

play

 

ဝေးလ်ကလပ်အသင်းဖြစ်တဲ့ ဆွမ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်းမဆင်းရအောင် ကာကွယ်နိုင်ခဲ့ပေမဲ့ အခုတော့ ရလဒ်တွေဆိုးရွားနေပြီး နည်းပြဂွီဒိုလင်းနေရာကို အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမန်နေဂျာ ဂွီဒိုလင်းကို လွန်ခဲ့တဲ့ လေးလကမှ စာချုပ်ချုပ်ပြီးခန့်အပ်ထားတာ ဖြစ်ပေမဲ့ စိုးရိမ်နေရတဲ့အသင်းရဲ့ အခြေအနေကြောင်း အပြောင်းအလဲလုပ်ဖို့ အသင်းပိုင်ရှင်တွေ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

play

 

အသင်းဘက်က တရားဝင်ကမ်းလှမ်းဆွေးနွေးမှုတွေ ပြုလုပ်လာမယ်ဆိုရင် ရိုင်ယန်ဂစ်ဘက်ကလည်း ဆွေးနွေးသွားဖို့ ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။ နည်းပြဗန်ဟားလ်လက်အောက်မှာ လက်ထောက်နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ မော်ရင်ဟိုရောက်လာပြီးနောက် မန်ယူအသင်းနဲ့လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ