EPL: ယာယာတိုယေးကို ဇန်နဝါရီတွင် ပရီးမီးယားလိဂ် ပြိုင်ဘက်များထံ ရောင်းချဖွယ်ရှိ

ယာယာတိုယေးနဲ့ မန်စီတီးအသင်း အနာဂတ်ဟာ အဆုံးသတ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ယာယာတိုယေးကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းက ထွက်ခွာခွင့်ပေးမယ်လို့ သိရပါတယ်။

ယာယာတိုယေးရဲ့ အေးဂျင့်ဖြစ်သူက နည်းပြဂွါဒီယိုလာကို အပြင်းအထန်ဝေဖန်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဂွါဒီယိုလာဘက်က ပြန်တောင်းပန်ဖို့ ပြောထားပါတယ်။ ချန်ပီယံလိဂ် လူစာရင်းကနေ ယာယာတိုယေးကို ထုတ်ပယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်ခွင့် ပေးတော့မှာမဟုတ်ဘူးလို့ ယာယာတိုယေးက ဆိုထားပါသေးတယ်။

play

 

 မန်စီးတီးအသင်းနဲ့ အနာဂတ်ပြီးဆုံးဖို့ သေချာလုနီးပါးဖြစ်သွားပြီဖြစ်တဲ့ ယာယာတိုယေးကို လာမယ့်ဇန်နဝါရီမှာ မန်စီးတီးက အသင်းပြောင်းခွင့်ပေးမှာဖြစ်ပြီး ပြိုင်ဘက် ပရီးမီးယားလိဂ် အသင်းတွေကိုလည်း ပြောင်းရွှေ့ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အသင်းနဲ့ ကစားသမားဘက်က တရားဝင်ပြောထားတာမျိုး မရှိသေးပေမဲ့ မကြာခင် ထုတ်ဖော်ပြောကြားမယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ