EPL: ချယ်လ်ဆီးနှင့်ပွဲတွင် စည်းကမ်းရှိရှိကစားကြရန် အာစင်ဝင်းဂါး တိုက်တွန်း

ဒီနှစ်သင်းတွေ့တိုင်း ကစားသမားတွေ အချေအတင် ဖြစ်ကြလေ့ရှိပြီး အနီကတ်တွေ ပြခံရလေ့ရှိပါတယ်။

play

 

စနေနေ့မှာ တွေ့ဆုံရမယ့် ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာ ပိုပြီးစည်းကမ်းလိုက်နာကြဖို့ အာစင်ဝင်းဂါးက အာဆင်နယ်ကစားသမားတွေကို သတိပေးလိုက်ပါတယ်။

play

 

ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ နောက်ဆုံးနှစ်ကြိမ်မှာ အနီကတ် သုံးကတ်အထိ ရှိခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာက နှစ်ကြိမ်တိတိ အနီကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။ ပြိုင်ပွဲကို ကြိုးစားပမ်းစား ကစားဖို့ လိုပေမဲ့ စည်းမျဉ်းတွေကိုတော့ လေးစားမှု ရှိရမှာဖြစ်ကြောင်း အာစင်ဝင်းဂါးက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၀ နောက်ပိုင်း ချယ်လ်ဆီးအသင်းကို အာဆင်နယ်အနိုင်မရသေးတဲ့အတွက် အာစင်ဝင်းဂါးက ဒီပွဲမှာ နှစ်အနည်းငယ်အတွင်း ပထမဆုံးနိုင်ပွဲကို ပြန်လည်ရှာဖွေဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ " စည်းကမ်း ရှိရှိ ကစားမှုနဲ့ ရလဒ်ဟာလည်း ဆက်စပ်နေတာပါ" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

ဒီဘက်နှစ်တွေမှာ အာဆင်နယ်အသင်းက ချယ်လ်ဆီးနဲ့တွေ့ဆုံတဲ့အခါတိုင်း ကစားသမားတွေအကြား အချေအတင် ဖြစ်ပွားလေ့ရှိပြီး အနီကတ်တွေလည်း ပြခံရလေ့ရှိတာကြောင့် အာစင်ဝင်းဂါးက သတိပေးထားတာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ