EPL: ယနေ့ည အာဆင်နယ် - ချယ်လ်ဆီး ပွဲစဉ်ကို အဆုံးအဖြတ်ပေးမယ့် အချက် (၄) ချက်

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲကို ဒီနေ့ ကြည့်ကြရမှာပါ။

play

 

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပွဲက အာဆင်နယ် - ချယ်လ်ဆီး ပွဲစဉ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာဆင်နည်းပြ အာစင်ဝင်းဂါးဟာ ချယ်လ်ဆီးနဲ့ တွေ့တိုင်း ရလဒ်ကောင်းခဲ့လေ့ မရှိပါဘူး။

ဒါ့အပြင် ဒီနှစ်သင်းရဲ့ ရန်ငြိုးတွေဟာ ဒီဘက်နောက်ပိုင်းမှာ ပိုမိုကြီးထွားလာပါတယ်။ ဒီပွဲရလဒ်ကို အဆုံးအဖြတ်ပေးမယ့် အဓိက အချက် (၄) ချက်ရှိပါတယ်။

၁။ ကော်စတာ Vs ကိုစီရယ်နီ

play

 

အာဆင်နယ်ကို အမြဲဒုက္ခပေးနေကျ ကစားသမားဖြစ်ပြီး ဒီရာသီမှာလည်း ငါးပွဲမှာ ငါးဂိုးသွင်းခြေပြန်မှန်နေပါတယ်။ ကော်စတာကို ကိုစီရယ်နီ ထိန်းနိုင်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ် အသာစီးရမှာပါ။

၂။ ဆန်းချက်ဇ် Vs ဒေးဗစ်လုဇ်

play

 

ဆန်းချက်ဇ်နဲ့ ထိပ်တိုက်တွေ့ရမှာ ချယ်လ်ဆီးနောက်ခံကစားသမား ဒေးဗစ်လုဇ်ပါ။ ဆန်းချက်ဇ်ကို ဒေးဗစ်လုဇ် အပိုင်ချဉ်းကပ်ထားဖို့လိုသလို ဆန်းချက်ဇ်ကြောင့် အခြားအာဆင်နယ်ကစားသမားတွေ နေရာလွတ်တွေပိုရလာဖွယ် ရှိပါတယ်။

၃။ ဟာဇက် Vs ဘယ်လာရင်

play

 

တောင်ပံကစားသမား ဟာဇက်ကို ဘယ်တောင်ကစားသမား ဘယ်လာရင်က ထိန်းချုပ်ရမှာပါ။ မြန်နှုန်းမြင့် ကစားသမား နှစ်ယောက်ရဲ့ခြေစွမ်းကလည်း အသင်းရဲ့ရလဒ်ကို အဖြေထုတ်ပေးနိုင်ပါတယ်။

၎။ ကာဇိုလာ Vs ကန်တေ

play

 

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကို ဒီရာသီမှာ အဓိကထိန်းချုပ်နေတာ ကန်တေဖြစ်နေပါတယ်။ ကာဇိုလာနဲ့ ကန်တေရဲ့ ကွင်းလယ် အားပြိုင်ပွဲကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Source: 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ