EPL: ရွန်နေးကို နည်းပြမော်ရင်ဟို အရန်ခုံ ပို့ပစ်တော့မည်လား

, updated

နည်းပြပြောတဲ့အတိုင်း ကစားသမားတွေက အရန်ခုံမှာ နေဆို နေရမှာပဲ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်ယူအသင်း ကစားခေါင်းဆောင် ရွန်နေးကို ကြိုက်တဲ့ အချိန် အရန်ခုံပို့ပစ်လိုက်နိုင်တယ်လို့ အသင်းနည်းပြ မော်ရင်ဟိုက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း မန်ယူအသင်း ရလဒ်ဆိုးရွားမှုတွေဟာ ဝိန်းရွန်နေးခြေစွမ်းမပြနိုင်ခြင်းနဲ့အတူ အပြစ်တင်ခံနေရပြီး မန်ယူပရိသတ်အချို့ကလည်း ရွန်နေးကို အရန်ခုံပို့ဖို့ ဖိအားပေးနေကြပါတယ်။ တစ်ခါတစ်ရံမှာ အသင်းခေါင်းဆောင်ဖြစ်ပေမဲ့လည်း နည်းပြ အရန်ခုံထိုင်ဆိုထိုင်၊ အိမ်မှာနေခဲ့ဆို နေခဲ့ရမှာပဲ ဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။ အခု စနေနေ့မှာ ကစားမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်မတိုင်ခင် မော်ရင်ဟိုက အဲဒီလို ပြောခဲ့တာပါ။

play

 

ဗြိတိန်မီဒီယာအချို့ကတော့ ဒီတစ်ပတ်မှာပဲ ရွန်နေးကိုစတင်ပြီးအရန်ခုံထိုင်ခိုင်းလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ " ရွန်နေးဟာ ကျွန်တော်ယုံကြည်ရတဲ့သူဖြစ်ပြီး ကစားသမားတွေလည်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဘောလုံးအသင်းမှာ အားလုံးက အတူတူပါပဲ။ အရန်ခုံမှာနေဆို နေရမှာပါပဲ။ အိမ်မှာနေဆို နေရမှာပါ။ ဒါဟာ ဘာပြဿနာမှ မရှိပါဘူး။ ရွန်နေးလည်း အခြားသူတွေလိုပဲ ညွှန်ကြားမှုကို လိုက်နာရမှာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source: 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ