EPL: မန်ယူအပါအဝင် အခြားအသင်းများကို ဝယ်ရန် ကြိုးပမ်းခဲ့သည့် အီဗရာဟီမိုဗစ်ခ်ျ

, updated

ချယ်လ်ဆီးအသင်းကိုမဝယ်ယူခင် ရုရှားသူဌေး အီိဗရာဟီမိုဗစ်ခ်ျ စိတ်ဝင်စားခဲ့တာ အခြားငါးသင်းလောက် ရှိသေးတယ်လို့ ဆိုပါတယ်။

play

 

ရုရှား ဘီလျံနာသူဌေး အီဗရာဟီမိုဗစ်ခ်ျဟာ ချယ်လ်ဆီးအသင်းကို မဝယ်ခင်မှာ အခြားပရီးမီးယားလိဂ် ကလပ်အသင်း ငါးသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။

play

 

Daily Star က ထုတ်ဝေပြီး ဘောလုံးအေးဂျင့်ဖြစ်တဲ့ ဂျွန်စမစ်သ် ရေးသားထားတဲ့ စာအုပ်ထဲမှာ ရေးသားဖွင့်ချထားတာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ရုရှားသူဌေး အီဗရာဟီမိုဗစ်ခ်ျက ဝယ်ယူခဲ့တာဖြစ်ပြီး အရောင်းအဝယ်ကိစ္စတွေဟာ သုံးလအတွင်း အပြီးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ လုပ်ငန်းရှင် အီဗရာဟီမိုဗစ်ခ်ျရဲ့ ဦးစားပေးအဆင့် နံပါတ် -၆ နေရာမှာသာ ရှိခဲ့တာပါ။

play

 

ပရီးမီးယားလိဂ် အသင်းတွေအပြင် အခြားဥရောပကလပ်အသင်းအချို့ကိုပါ ဝယ်ယူဖို့ အီဗရာဟီမိုဗစ်ခ်ျက စာရင်းပြုလုပ်ပြီး စောင့်ကြည့်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မန်ယူ၊ စပါး၊ အာဆင်နယ်၊ လီဗာပူးတို့ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ချယ်လ်ဆီးကို ဝယ်ယူဖြစ်ခဲ့တာလို့ သိရပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ