AD
AD
AD
play

 

ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးထားလို့ ဝေဖန်ခံခဲ့ရတဲ့ မန်ယူအသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံလက်စတာ အသင်းကို ဂိုးပြတ်နိုင်ပွဲယူနိုင်ခဲ့ပါတယ်။ လက်စတာအနေနဲ့တော့ ကွန်မြူနတီဒိုင်းရှုံးကြွေးကို မဆပ်နိုင်ဘဲ ထပ်တောင် အကြွေးတင်သွားခဲ့ပါတယ်။

play

 

သတင်းတွေထွက်ခဲ့သလိုမန်ယူအသင်းဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် ရွန်နေးကို အရန်ခုံမှာသာ ထားခဲ့ပါတယ်။ ကွင်းလယ်မှာ ဟာရဲယား၊ ပေါ့ဂ်ဘာ၊ လင်ဂတ်နဲ့ မာတာတို့ပွဲထွက်ခဲ့ပြီး တိုက်စစ်ကို အီဗရာဟီမိုဗစ်ခ်ျနဲ့ ရက်ရှ်ဖို့ဒ် ဦးဆောင်ခဲ့တာပါ။

play

 

၂၂ မိနစ်မှာ ထောင့်ကန်ဘောကို စမေလင်းက ခေါင်းတိုက်ကာ အဖွင့်ဂိုး ယူပေးခဲ့ပါတယ်။ ထူးထူးဆန်းဆန်းပဲ မန်ယူအသင်းဟာ ဒီပွဲမှာ ထောင့်ကန်ဘောကနေ သုံးဂိုးအထိ ရခဲ့တာပါ။ ဒုတိယဂိုးကတော့ ပေါ့ဂ်ဘာ ဖန်တီးပေးမှုကတစ်ဆင့် ဖယ်လိုင်နီပြန်ချပေးတာကို မာတာက ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ဒီပွဲမှာ လက်စတာအသင်းရဲ့ ကစားပုံဟာ အတော်ဆိုးရွားခဲ့ပြီး အထူးသဖြင့် ခံစစ်ပိုင်းဟာ အမှားများခဲ့ပါတယ်။ တတိယဂိုးကလည်း ထောင့်ကန်ဘောကတစ်ဆင့် ရောက်လာတဲ့ဘောလုံးကို မာတာက ဂိုးရှေ့ပြန်ချအပေးမှာ ရက်ရှ်ဖို့ဒ်က ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

နောက်ဆုံးဂိုးကတော့ ကစားသမားသစ် ပေါ့ဂ်ဘာရဲ့ မန်ယူအတွက် ပထမဆုံးအဖွင့်ဂိုး ဖြစ်ပါတယ်။ လက်စတာ နောက်ခံလူတွေ တားနေတဲ့ ကြားကပဲ ပေါ့ဂ်ဘာက ခေါင်းတိုက် အဆုံးသတ်လိုက်တာပါ။ ပထမပိုင်းမှာ မန်ယူအသင်း လေးဂိုးသွင်းပြီးနောက် ဒုတိယပိုင်း ၅၉ မိနစ်မှာ လက်စတာ တစ်ဂိုးပြန်ရပါတယ်။

play

 

ဘယ်ခြမ်း ဘောလုံးဆွဲပြေးလာတဲ့ လက်စတာကစားသမားဂရေးက လင်ဂတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားပြီး ခပ်ဝေးဝေးကနေ ကန်သွင်းယူလုက်တာဖြစ်ပါတယ်။

play

 

၈၃ မိနစ်မှာ ရက်ရှ်ဖို့ဒ်အစား ရွန်နေးအစားထိုး ဝင်ကစားခဲ့ပါသေးတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD