EPL: ဆန်းချက်ဇ်၊ ဝဲလ်ကော့တို့ ခြေစွမ်းပြပြီး ချယ်လ်ဆီးကို အာဆင်နယ် ဂိုးပြတ်အနိုင်ရ

ချယ်လ်ဆီးနဲ့တွေ့ရင် ရလဒ်သိပ်မကောင်းတဲ့ အစဉ်အလာကို အာဆင်နယ် ချေဖျက်နိုင်လိုက်ပါတယ်။

play

 

၂၀၁၂ ကစလို့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာတွေ့ရင် ရလဒ်မကောင်းလေ့ရှိတဲ့ အစဉ်အလာဆိုးကို အာဆင်နယ်အသင်းက ဒီပွဲမှာ ချေဖျက်ပြလိုက်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ် ကွန်တီက အာဆင်နယ်နဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာ ပွဲထွက်မျက်နှာပန်းမလှ ဖြစ်ခဲ့ပါတယ်။ ပွဲစပြီး လေးမိနစ်လောက်မှာတင် အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ချယ်လ်ဆီးဘက်ကို အသာစီးရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အာဆင်နယ်ကစားသမားတွေရဲ့ မြန်နှုန်းမြင့်ကစားပုံကို အသက်အရွယ် အနည်းငယ်ရနေတဲ့ ချယ်လ်ဆီးနောက်တန်း မလိုက်နိုင်ခဲ့သလို အာဆင်နယ်ခံစစ်က အမှားမရှိခဲ့တာကြောင့်လည်း ဒီလိုရလဒ် ထွက်လာခဲ့တာဖြစ်ပါတယ်။

play
play

 

၁၁ မိနစ်မှာ အာဆင်နယ် အဖွင့်ဂိုး ရခဲ့ပြီး ကာဟေးလ်လူပေးမှားရာကတဆင့် ဆန်းချက်ဇ် ဘောလုံးဆွဲယူပြီး သွင်းယူလိုက်ပါတယ်။ သူ့အတွက် အာဆင်နယ်ကစားသမားဘဝ ပွဲ ၁၀၀ ပြည့်မှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

၁၃ မိနစ်မှာ နောက်တစ်ဂိုးထပ်ရခဲ့ပြီး တွဲလုံးတွေကတဆင့် ဝဲလ်ကော့က ပိတ်သွင်းယူလိုက်တာပါ။ ဒီဂိုးဟာ ချယ်လ်ဆီးနောက်တန်း အားနည်းနေကြောင်း ပိုသိသာခဲ့သလို ဟာဇက်လည်း ဘောလုံးဝင်မလုပဲ ရပ်ကြည့်နေခဲ့လို့ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးတိုက်ုစစ်ဆင်ဖို့ ပြန်ကြိုးစားပြီး ၁၈ မိနစ်မှာ ဝီလျံကန်ချက် အနည်းငယ်နီးစပ်ခဲ့ပါတယ်။ နောက်ထပ် ဂိုး ထပ်ရသွားတာ အာဆင်နယ်ပဲ ဖြစ်ခဲ့ပြန်ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးရလာတဲ့ ဆန်းချက်ဇ်က ကိုယ်တိုင်မကန်သွင်းပဲ အိုဇေးကို ပေးလိုက်တာကနေ အိုဇေးလ်က မြေထောက်ဘောကန်သွင်းယူခဲ့တာပါ။

play

 

ဒုတိယပိုင်းမှာ ပထမပိုင်းကလောက် အာဆင်နယ်အသင်း ချယ်လ်ဆီးဘက်ကို တိုက်စစ်မဆင်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးတိုက်စစ်ဟာ ကောင်းကောင်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဟာဇက်ခြေစွမ်းမပြနိုင်တဲ့ ချယ်လ်ဆီးတိုက်စစ်မှာ ကော်စတာတစ်ယောက်တည်းကို အားကိုးနေရသလို ဖြစ်ခဲ့ပါတယ်။

play

 

၈၄ မိနစ်မှာ ချယ်လ်ဆီးကစားသမား ဘက်ရှုရီရဲ့ အပိုင်ကန်ချက်ကို ဂိုးသမားပီတာဆက်ခ်ျကာကွယ်နိုင်ခဲ့ပါတယ်။

Source  : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ