EPL: ဒီတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား (၁၁) ဦး

အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းထဲမှာ အာဆင်နယ်၊ လီဗာပူးကစားသမားတွေ ဦးဆောင်လျက်ရှိပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၆ ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ပြောစရာတွေ မကုန်အောင်ကျန်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို သုံးဂိုး သွင်းလိုက်တဲ့ အာဆင်နယ်ကြောင့် ဒီပွဲဟာ လူပြောအများဆုံးဖြစ်ခဲ့ပါတယ်။

ရွန်နေးကို ပွဲမထုတ်တဲ့မန်ယူက ဂိုးပြတ်နိုင်ခဲ့တဲ့အပြင် ပေါ့ဂ်ဘာလည်း ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာကြောင့် ရွန်နေးဟာ တကယ်ပဲ မန်ယူအသင်းကစားကွက်မှာ လူပိုလိုဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့  အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ESPN ကအခုလို ရွေးချယ်ထားပါတယ်။

၁။ ဘော့ရက် (ဘုန်းမောက်)

ရှုံးပွဲမရှိသေးတဲ့ အဲဗာတန်ကို ဘုန်းမောက်က ၁-၀ ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမား ဘော့ရက်ရဲ့ လက်စွမ်းပြမှုကြောင့် အဲဗာတန် ဂိုးမရခဲ့တာပါ။

၂။ ဘယ်လာရင် (အာဆင်နယ်)

play

 

ချယ်လ်ဆီးနဲ့ပွဲမှာ အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင် ဘယ်လိုခြေစွမ်းပြခဲ့လဲ အတော်များများသိကြမှာပါ။ ဖာဘရီဂတ်စ်နဲ့ ပက်ဒရိုကို ထိန်းနိုင်ခဲ့တဲ့အပြင် အသင်းဂိုးရဖို့လည်း အကွက်ဆင်ဖန်တီးပေးမှု လုပ်နိုင်ခဲ့ပါတယ်။

၃။ ဗန်ဒစ်ခ်ျ ( ဆောက်သမ်တန်)

ဆောက်သမ်တန်အသင်းရဲ့ ဝက်စ်ဟမ်းအပေါ် ဂိုးပြတ်နိုင်ပွဲမှ နောက်ခံလူ ဗန်ဒစ်ခ်ျကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ ဂိုးဧရိယာထဲ ရောက်လာတဲ့ဘောလုံးတွေကို ခေါင်းတိုင်းရှင်းထုတ်နိုင်တဲ့ အဓိက ကစားသမားက ဗန်ဒစ်ခ်ျဖြစ်ပါတယ်။

၎။ ကိုစီရယ်နီ (အာဆင်နယ်)

ချယ်လ်ဆီး တိုက်စစ်မှူး ကော်စတာက လှုပ်မရအောင် ထိန်းချုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

၅။ ဂျိမ်းစ်မီလ်နာ (လီဗာပူး)

play

 

လီဗာပူးက ဟားလ်စီးတီးကို ၅-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးဟာ နောက်ခံစားသမားတွေဆီက လာခဲ့တာပါ။ ဂျိမ်းစ်မီလ်နာဟာ လီဗာပူးနောက်တန်းမှာအ ရေးပါခဲ့ပါတယ်။

၆။ အိုဇေး ( အဆာင်နယ်)

အာဆင်နယ်အတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ အိုဇေးဟာ ကွင်းလယ်မှာ အဓိကကျခဲ့သူပါ။

၇။ ပေါ့ဂ်ဘာ (မန်ယူ)

ပထမဆုံးဂိုးသွင်းနိုင်ခဲ့လို့ ပေါ့ဂ်ဘာဟာ အကောင်းဆုံး စာရင်းထဲမှာ ပါလာခဲ့တာမဟုတ်ပါဘူး။ အသင်းကစားသမားတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

၈။ လယ်လာနာ (လီဗာပူး)

လီဗာပူးအတွက် အလှည့်အပြောင်းဖြစ်စေမယ့် ပထမဆုံးဂိုးကို လယ်လာနာကသွင်းပေးခဲ့တဲ့အပြင် တစ်ပွဲလုံး ကွင်းလယ်မှာ ခြေစွမ်းပြခဲ့ပါတယ်။

၉။ ဆွမ်ဟောင်မင် (စပါး)

play

 

ဒီတစ်ပတ်စပါးအသင်းရဲ့ ဇာတ်လိုက်ကတော့ ဆွမ်ဆောင်မင်ပါပဲ။ အသင်းအတွက် နှစ်ဂိုးလုံးကို သွင်းပေးနိုင်ခဲ့သူပါ။

၁၀။ အဂူရို (မန်စီးတီး)

မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တဲ့အပြင် ချေပဂိုးပြန်ပေးရချိန်မှာ နောက်ထပ်ဦးဆောင်ဂိုးကို ထပ်သွင်းပေးခဲ့ပြန်ပါတယ်။

၁၁။ ဆန်းချက်ဇ် (အာဆင်နယ်)

play

 

ချယ်လ်ဆီးဘက်ကို ပထမဆုံးဂိုးသွင်းနိုင်ခဲ့သူက ဆန်းချက်ဇ်ပါ။ အသင်းဖော်တွေ ဂိုးသွင်းခွင့်ရအောင်လည်း ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ