EPL: မန်စီးတီးကစားသမား ဒီဘရိုင်း ဒဏ်ရာကြောင့် တစ်လခန့် နားရဖွယ်ရှိ

ဆွမ်ဆီးအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာပါ။

play

 

ဆွမ်ဆီးအသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ မန်စီးတီးကစားသမားဒီဘရိုင်းဟာ နောက်ထပ် တစ်လလောက် အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

နည်းပြဂွါဒီယိုလာ လက်ထက်မှာ ပြိုင်ပွဲစုံ ဆယ်ပွဲဆက်တိုက်နိုင်ပွဲရထားတဲ့ မန်စီးတီးအသင်းအတွက် ဒီဘရိုင်းဒဏ်ရာဟာ ထိုးနှက်ချက်တစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒီဘရိုင်းရဲ့ ဒဏ်ရာကို မန်စီးတီးအသင်းဘက်က အသေးစိတ် ထုတ်ပြောထားခြင်းမရှိသေးပါဘူး။ ဒဏ်ရာကြောင့် တစ်လလွဲချော်ဖို့ သေချာမယ်ဆိုရင် လာမယ့်တစ်ပတ် ကစားမယ့် စပါးနဲ့ ပွဲစဉ်အပါအဝင်  ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေပါတယ်။

play

 

ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုလည်း ဒီဘရိုင်းလွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဒီဘရိုင်းဒဏ်ရာကို တနင်္လာသို့မဟုတ် အင်္ဂါနေ့မှာ မန်စီးတီးအသေးစိတ်ထုတ်ပြန်ဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ