EPL: ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးလေ့လာစရာ အချက် (၅) ချက်

ချယ်လ်ဆီးကျိန်စာကို ချေဖျက်လိုက်နိုင်တဲ့ အာဆင်နယ်၊ တန်းဆင်းရဖို့ ပိုပြီးရေပန်းစားလာတဲ့ ဆန်းဒါးလန်း စတဲ့အကြောင်းအရာတွေနဲ့ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ပြောစရာ အချက်တွေ ရှိပါတယ်။

play

 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရာနှုန်းပြည့်နိုင်ပွဲရနေတဲ့ မန်စီးတီးကပဲ ဆက်လက်ဦးဆောင်ဆဲပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ စုစည်းမှု အားကောင်းလာတဲ့ လီဗာပူး

play

 

ဒီရာသီ ရလဒ်တွေ ကောင်းမွန်နေတဲ့ လီဗာပူးအသင်းဟာ တစ်ဦးတစ်ယောက်ကို အားကိုးနေရတယ်ဆိုတာမျိုး မမြင်တွေ့ရပါဘူး။ ကစားသမားအတော်များများ ဂိုးသွင်းနိုင်တဲ့လီဗာပူးရဲ့ အသင်းလိုက်ခြေစွမ်း  အားရစရာ ကောင်းနေတာကို တွေ့ရပါတယ်။

၂။ စိုးရိမ်စရာ ဖြစ်သွားတဲ့ ရွန်နေး

play

 

တစ်ခါတစ်ရံတော့ ကြိုးစားမှုနဲ့ ကံကြမ္မာဟာ ထပ်တူကျလေ့မရှိဘူးဆိုတာ ရွန်နေးက သက်သေပြနေပါတယ်။ ရွန်နေးကြိုးစားတယ်ဆိုတာ ပရိသတ်တွေ သိထားပေမဲ့ သူ့ရဲ့ပုံစံဟာ အသင်းအတွက် အနှောက်အယှက်ဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိပြီးနောက်ပိုင်း လက်စတာနဲ့ပွဲမှာ လူစာရင်းက ချန်လှပ်ခံခဲ့ရပါတယ်။ သူမပါတဲ့ပွဲမှာ မန်ယူကွင်းလယ်ဟာ အကောင်းဆုံး အလုပ်ဖြစ်သွားတာကြောင့် နောက်ပွဲတွေ ရွန်နေးရဲ့ပွဲထွက်ခွင့်အတွက် စိုးရိမ်စရာ ဖြစ်သွားပါတယ်။

၃။ မျှော်လင့်ချက် ပိုတောက်ပလာတဲ့အာဆင်နယ်

play

 

အာဆင်နယ်ဟာ ဒီနှစ်မှာလည်း အမှတ်ပေးချန်ပီယံပြိုင်ပွဲအတွက် မဖြစ်မနေ ထည့်သွင်းထားရမယ့်အသင်းဆိုတာ ချယ်လ်ဆီးကိုအနိုင်ယူပြီး သက်သေပြလိုက်ပါတယ်။ ကစားသမားသစ်တွေနဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းဟာ ပိုပြီးတောင့်တင်းလာတာတော့ အသေအချာပါပဲ။

၎။ နိုင်ပွဲပျောက်ဆဲ ဆန်းဒါးလန်း

play

 

နည်းပြဒေးဗစ်မိုယက်စ်ရဲ့ ဆန်းဒါးလန်ဟာ ဒီပွဲမှာလည်း ကံမျက်နှာသာပေးမှု မခံခဲ့ရပါဘူး။ ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုးအရင်သွင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာ သုံးဂိုးပြန်အသွင်းခံခဲ့ရတဲ့ ဆန်းဒါးလန်းရဲ့ ခြေစွမ်းဟာဒီနှစ်တန်းဆင်းရဖို့ စိုးရိမ်စရာ ဖြစ်လာပါပြီ။

၅။ အားရစရာ ကောင်းနေဆဲ အဂူရို

play

 

ပွဲပယ်ခံထားရတဲ့ အဂူရို ဒီပွဲမှာ ပြန်ပါလာခဲ့ပါတယ်။ ပြန်ပါတာနဲ့ တစ်ပြိုင်နက် အသင်းအတွက် ရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းပေးနိုင်ခဲ့တာပါပဲ။ အဂူရိုဟာ မန်စီးတီးအတွက် အရေးအပါဆုံး ဖြစ်နေဆဲပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ