EPL: လူပျိုဖြစ်ကြောင်း မန်ယူကစားသမား ဗလန်စီယာ ကြေညာချက်ထုတ်

, updated

နော်ဝေးက သူနာပြုဆရာမလေးနဲ့ ဟိုတယ်မှာ ဒိတ်လုပ်ခဲ့တယ်လို့ သတင်းထွက်ပြီးနောက် ဗလန်စီယာက အခုလို ကြေညာချက်ထုတ်လိုက်တာပါ။

play

 

နော်ဝေးသူနာပြုတစ်ဦးနဲ့ ဟိုတယ်တစ်ခုမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးနောက် မန်ယူအသင်းကစားသမား ဗလန်စီယာက ထူးထူးခြားခြား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

play

 

မန်ယူအသင်း ကစားသမား ဗလန်စီယာက လက်ရှိအချိန်မှာ မိမိအနေနဲ့ တရားဝင်လူလွတ်တစ်ဦးဖြစ်တယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ဗလန်စီယာဟာ အရင်က ဇနီးသည် ဇိုအီလာနဲ့ ပေါင်းသင်းနေထိုင်ခဲ့ပေမဲ့ အတူတကွမရှိကြတော့တာ လအနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ ဒီလအစောပိုင်းတုန်းက ဗလန်စီယာဟာ အဆိုပါ နော်ဝေးသူနာပြုမလေး တစ်ဦးနဲ့ ဟိုတယ်မှာ ဒိတ်လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

play
ဗလန်စီယာနှင့်တွေ့ခဲ့သည်ဟု သတင်းထွက်ခဲ့သည့် သူနာပြု

 

မီဒီယာတွေအနေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ မိသားစုကိစ္စတွေကို စွက်ဖက်ခြင်းမပြုဖို့လည်း ဗလန်စီယာက မေတ္တာရပ်ခံခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ မိမိရဲ့ဘောလုံးသမားဘဝနဲ့ မိမိသမီးငယ်ကို ပြုစုပျိုးထောင်ဖို့အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဗလန်စီယာက ဆိုပါတယ်။

play

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ