play

 

ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စတွေမှာ ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ဖို့အတွက် အကြံပေးချက်တွေကို အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်က အခကြေးငွေရယူပြီး လုပ်ဆောင်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း သိရပါတယ်။

play

 

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆမ်အလာဒိုက်ဟာ ဘောလုံးသမားအပြောင်းအရွှေ့တွေကို အကြံပေးဆောင်ရွက်ပေးတဲ့ ကြားခံအဖွဲ့အစည်းတစ်ခုနဲ့တွေ့ခဲ့ကြောင်း သက်သေတွေရှိတယ်လို့ တယ်လီဂရက်ဖ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဆမ်အလာဒိုက်စ်ဘက်ကတော့ အဲဒီကိစ္စအပေါ် တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိသေးပါဘူး။ အက်ဖ်အေဘက်ကတော့ ဒီကိစ္စ သေချာတယ်ဆိုရင် သက်သေအထောက်အထားတွေလိုချင်ကြောင်း ပြန်လည်ပြောကြားထားပါတယ်။

play

 

အခြားနိုင်ငံတွေကဘောလုံးလောကတွေမှာ ကစားသမားတစ်ဦးကို ကလပ်အသင်းမဟုတ်ဘဲ အခြားကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘောလုံးလောကမှာတော့ ကြားခံအဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်တာမျိုး မလုပ်ဖို့ ၂၀၀၈ ခုနှစ်ကတည်းက တားမြစ်ထားတာဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video