EPL: ဘောလုံးသမား အပြောင်းအရွှေ့ လာဘ်စားမှုတွင် ပရီးမီးယားလိဂ် နည်းပြများ ပါဝင်နေ

ကစားသမား အပြောင်းအရွှေ့ အောင်မြင်ဖို့အတွက် နည်းပြတွေကို ပိုက်ဆံပေးပြီး ပါဝင်ပတ်သက်စေခဲ့တာပါ။

play


ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စတွေဖြစ်မြောက်ဖို့အတွက် ပရီးမီးယားလိဂ်အသင်း မန်နေဂျာတွေဟာ ကြားခံပွဲစားတွေဆီက လာဘ်စားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အနည်းဆုံး ပရီးမီးယားလိဂ်နည်းပြ ရှစ်ဦးဟာ ကစားသမားအပြောင်းအရွှေ့ကိစ္စတွေအတွက် လာဘ်ပေးလာဘ်ယူမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။ တယ်လီဂရက်ဖ်သတင်းစာရဲ့ စုံစမ်းဖော်ထုတ်မှုအရ နာမည်တွေမဖော်ပြထားပေမဲ့ လာဘ်ပေးလာဘ်ယူလုပ်ခဲ့တဲ့ နည်းပြအချို့ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ရှိသေးပြီး အချို့ကတော့ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

play

 

ကစားသမားအပြောင်းအရွှေ့ဖြစ်မြောက်လာအောင် ကြားခံအကျိုးဆောင်အဖွဲ့အစည်းက နည်းပြတွေကို ငွေကြေးပေးခဲ့တာဖြစ်ပါတယ်။ နည်းပြတွေဘက်ကလည်း အပြောင်းအရွှေ့ကို ကစားသမားလက်ခံလာအောင် ပြန်ပြီးတိုက်တွန်းနားချရတယ်လို့ သိရပါတယ်။

ဘောလုံးကစားသမားအပြောင်းအရွှေ့ အရှုပ်တော်ပုံမှာ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်လည်း ပါဝင်ပတ်သတ်ခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပြီး နောက်ပိုင်း ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ