EPL: ဆဲလ်တစ်အသင်း ဒုက္ခပေးမည်ကို နည်းပြဂွါဒီယိုလာ စိုးရိမ်နေ

ဆဲလ်တစ်ကို အနိုင်ရဖို့ လွယ်တဲ့အသင်းအဖြစ် လျှော့မတွက်ကြဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သတိပေးထားပါတယ်။

play

 

ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ်မှာ ယနေ့ည ရင်ဆိုင်ရမှာဖြစ်ပေမယ့် မန်စီးတီးအသင်း အနိုင်ဖို့ခက်ခဲမှာကို အသင်းနည်းပြ ဂွါဒီယိုလာက ဂွါဒီယိုလာက စိုးရိမ်လျှက်ရှိပါတယ်။

play

 

ဆဲလ်တစ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမဆုံးပွဲမှာ ဘာစီလိုနာအသင်းကို ၀-၇ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် မန်စီးတီးအသင်းကို ပြင်းပြင်းထန်ထန်တုန့်ပြန်ကစားလာနိုင်ကြောင်း ဂွါဒီယိုလာကသတိပေးထားပါတယ်။ မန်စီးတီးအနေနဲ့ ဆဲလ်တစ်ကို ကစားရခက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

" အသင်းတစ်သင်းက အရင်တစ်ပွဲ နိုင်ပြီးတဲ့အခါ အောင်ပွဲခံကြမှာ ဖြစ်ပေမယ့် နောက်ပွဲအနိုင်ရဖို့ ဆက်ပြီးပြင်ဆင်ကြမှာပါပဲ။ ရှုံးခဲ့အခါလည်း လိုပါပဲ။ ပိုပြီးတောင် ကြိုးစားကြဦးမှာပါ" လို့ ဂွါဒီယိုလာက ပြောပါတယ်။ ဘာစီလိုနာအသင်းက ဆဲလ်တစ်ကွင်းမှာ ဒီနေ့ည သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ