EPL: အိုဇေးကို စာချုပ်သစ်ထပ်ချုပ်ရန် အာဆင်နယ် သဘောတူညီမှုရ

စာချုပ်သဘောတူညီချက်အရ အိုဇေးက ကျောနံပါတ်အသစ်ကိုလည်း ဝတ်ဆင်ခွင့် ရသွားပါတယ်။

play

 

အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား အိုဇေးကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ စာချုပ်သစ်နဲ့အတူ အိုဇေးကို အရေးပါတဲ့ ကျောနံပါတ် ၁၀ ကိုလည်း ဝတ်ဆင်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။

အသင်းမှာ ဂျက်ဝီရှိုင်းယား ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို အိုဇေးဝတ်ဆင်ဖို့ သဘောတူလိုက်တဲ့အပြင် ကာလကြာရှည်စာချုပ်နဲ့ပါ  ဆက်လက်ထိန်းသိမ်းနိုင်တော့မှာဖြစ်ပါတယ်။ အသင်းနဲ့ ကစားသမားဘက်က တရားဝင်ထုတ်မပြောသေးပေမဲ့ ဂျာမနီသတင်းစာ Bild ကတော့ အိုဇေးနဲ့ အာဆင်နယ်အကြား ကာလကြာရှည် စာချုပ်ချုပ်ဆို သဘောတူညီမှု ရသွားပြီဆိုတာ သေချာကြောင်း အခိုင်အမာ ရေးသားထားပါတယ်။

play

 

အိုဇေးဟာ ကျောနံပါတ် ၁၀ ကိုအရင်ကတည်းက ဝတ်ဆင်ချင်ခဲ့ပေမဲ့ ဝီလ်ရှိုင်းယားရှိနေခဲ့လို့ ဝတ်ဆင်ခွင့် မရခဲ့ပါဘူး။ အခုဝီလ်ရှိုင်းယားကို အငှားချပြီးနောက်ပိုင်း အိုဇေးက ဝတ်ဆင်ခွင့် ရသွားတာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ