EPL: ပွဲထွက်ခွင့်ရရန် ရွန်နေးနှင့် အမ်ခီတာယန် တိုက်ပွဲဝင်ရမည်

လာမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ရွန်နေးကို ပွဲထွက်ခွင့်ပေးဖွယ် ရှိနေပါတယ်။

play

 

မန်ယူအသင်းမှာ ပွဲထွက်ခွင့် ပုံမှန်ပြန်ရဖို့အတွက် အသင်းခေါင်းဆောင် ဝိန်းရွန်နေးနဲ့ အမ်ခီတာယန်တို့ တိုက်ပွဲဝင်ကြရမယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ဦးထဲက တစ်ဦးကိုသာ ပွဲထွက်ခွင့်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မန်ချက်စတာ ညနေခင်းသတင်းစာရဲ့ အဆိုအရ လာမယ့်ပွဲစဉ်တွေမှာ ရွန်နေးကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ မော်ရင်ဟိုက အာမခံချက်မပေးထားဘူးလို့ သိရပါတယ်။ လာမယ့်ကြာသပတေးနေ့ညမှ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ရွန်နေးကို ပွဲထွက်စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

play

 

စနေနေ့မှာ ကစားရမယ့်စတုတ်စီးတီးနဲ့ပွဲစဉ်အတွက် ရွန်နေးပါဝင်ခွင့်ရဖို့မရေမရာ ဖြစ်နေဆဲ ဖြစ်ပြီး အမ်ခီတာယန်နဲ့ ရွန်နေး နှစ်ဦးထဲက တစ်ဦးသာ ပါဝင်ခွင့်ရမှာလို့ သိရပါတယ်။ ပွဲထွက်ခွင့် ရတဲ့ ကစားသမားကို နည်းပြမော်ရင်ဟိုက နံပါတ် ၁၀ ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ကစားစေမှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ