EPL: ယနေ့ည ယူရိုပါလိဂ် ပွဲစဉ်တွင်လည်း ရွန်နေး အရန်ခုံထိုင်ရဦးမည်ဟု ဆို

ရွန်နေးအနေနဲ့ နှစ်ပွဲဆက်တိုက် အရန်ခုံထိုင်ရတော့မှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်း ကစားရမယ့် ဇော်ယာလူဟန့်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်ရွန်နေးကို အရန်ခုံမှာထားဦးမယ်လို့ နည်းပြမော်ရင်ဟိုက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

play

 

ရွန်နေးဟာ အင်္ဂါနေ့က အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တဲ့အတွက်လည်း မော်ရင်ဟိုက ယူရိုပါလိဂ်ပွဲစဉ်မှာ အရန်ခုံပို့ပစ်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ ပထမထွက်ခဲ့တဲ့ သတင်းတွေအရ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရွန်နေးကို ပွဲထွက်စာရင်းက ချန်လှပ်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ပွဲစဉ်မှာထည့်သွင်းကစားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရွန်နေးကို ဆက်ပြီးအနားပေးထားတာက ကစားသမားကို ကာကွယ်ပေးရာ ရောက်တယ်လို့ ယူဆကြောင်း မော်ရင်ဟိုက ပြောပါတယ်။

play

 

ဒီရာသီမှာ ခြေစွမ်းမပြနိုင်တဲ့အပြင် တစ်ဂိုးသာသွင်းထားနိုင်တဲ့ ရွန်နေးကို လက်စတာနဲ့ပွဲစဉ်မှာ အရန်ခုံပို့ခဲ့ပြီးနောက် အသင်းက လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်က သူ့ကိုကာကွယ်ပေးရမှာပါ။ ခက်ခဲတဲ့ အခြေအနေထဲကို ဆွဲသွင်းပစ်ဖို့ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ဆိုပါတယ်။ ရွန်နေးရဲ့ အကောင်းဆုံး အခြေအနေကို ဖန်တီးပေးဖို့ လေ့လာချက်တွေ လုပ်ရမှာ၊ ဆွေးနွေးရမှာ နည်းပြရဲ့တာဝန်သာဖြစ်တယ်လို့ မော်ရင်ဟိုက ဆက်ပြောခဲ့ပါတယ်။

ယူရိုပါလိဂ် ကစားမယ့် မန်ယူအသင်းရဲ့ကွင်းလယ်မှာ ဟာရဲယား၊ လင်ဂတ်၊ မာတာတို့ကိုပဲ ထည့်သွင်းကစားဖွယ် ရှိနေပါတယ် ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ