EPL: ပေါ့ဂ်ဘာကို ကစားကွက်ညွှန်ကြားမှု မှားယွင်းခဲ့သဖြင့် လက်ထောက်နည်းပြများကို မော်ရင်ဟိုကြိမ်းမောင်း

ဂိုးမရှိသရေကျနေချိန်အတွင်း လူတွေကြားထဲမှာ လက်ထောက်နည်းပြတွေကို ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

play

 

ယူကရိန်းကလပ် ဇော်ယာအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ လက်ထောက်နည်းပြ ဂျီယိုဗန်နီကာရာကို ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရပါတယ်။

play

 

ပွဲကစားနေစဉ်အချိန်အတွင်း ထိုင်ခုံမှာရှိနေတဲ့ ဂျီယိုဗန်နီထံသွားရောက်ကာ လွဲချော်မှုအတွက် အပြစ်တင်ကြိမ်းမောင်းခဲ့တာကို ရုပ်သံတွေက အမိအရ ရိုက်ပြနိုင်ခဲ့ပါတယ်။

play

 

ပွဲအပြီးထွက်လာခဲ့တဲ့သတင်းတွေအရ လက်ထောက်နည်းပြ ဂျီယိုဗန်နီဟာ ပွဲမစခင်မှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပေးခဲ့တဲ့ညွှန်ကြားချက် လွှဲမှားနေတာကြောင့် မော်ရင်ဟိုရဲ့ ကြိမ်းမောင်းခြင်းကိုခံခဲ့ရတာလို့ ဆိုပါတယ်။ ပေါ့ဂ်ဘာဟာ မမှန်ကန်တဲ့ ညွှန်ကြားချက်အပြောင်းအလဲကြောင့် ကစားပုံပျက်ခဲ့ရကြောင်း မော်ရင်ဟိုကိုယ်တိုင် ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

play

 

ဂိုးမရှိသရေကျနေချိန်မှာ ဖိအားများနေတဲ့ မော်ရင်ဟိုဟာ လက်ထောက်နည်းပြနှစ်ဦးထံကို ဒေါသတကြီးရောက်သွားပြီး လက်ထောက်နည်းပြ လက်ထဲက အသင်းနည်းဗျူဟာ ဖိုင်ကို လက်နဲ့ထောက်ကာ ကြိမ်းမောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာကတည်းက သူ့ရဲ့ညာလက်ရုံးနည်းပြဖြစ်တဲ့ ဖာရီရာကို ညွှန်ကြားရာမှာ မကြည်မလင် ဖြစ်နေခဲ့တာတွေ့ရပါတယ်။

play

 

Source  : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ