EPL: အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားကြောင်း အာစင်ဝင်းဂါး ဝန်ခံ

, updated

တစ်နေ့မှာ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ကြောင်း အာစင်ဝင်းဂါးက ပြောပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ လမ်းခွဲတဲ့အခါ အင်္ဂလန်အသင်းနည်းပြအဖြစ် အလုပ်ဆက်လုပ်ဖို့ ဆန္ဒရှိသလားဆိုတဲ့ မေးခွန်းကို နည်းပြ အာစင်ဝင်းဂါးက ခေါင်းငြိမ့်ဖြေကြားလိုက်ကြောင်းသိရပါတယ်။

play

 

လက်ရှိမှာ မိမိအနေနဲ့ အာဆင်နယ်တစ်သင်းကိုသာ အာရုံစိုက်နေတယ်ဆိုပေမဲ့ နောင်တစ်ချိန်မှာ ဘာကြောင့်မဖြစ်နိုင်ရမှာလဲလို့ အာစင်ဝင်းဂါးက ပြောကြားခဲ့တာပါ။ ဆမ်အလာဒိုက်စ်ရဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြရာထူး လစ်လပ်နေချိန်မှာ အက်ဖ်အေဘက်က အာစင်ဝင်းဂါးကို လက်ရွေးစင်အသင်းမန်နေဂျာအဖြစ် ခန့်အပ်ချင်တယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။

play

 

အာစင်ဝင်းဂါးဘက်ကလည်း အင်္ဂလန်အသင်းနည်းပြအလုပ်ကို စိတ်ဝင်စားစသလားဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက အောက်ပါအတိုင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်ဘာကိုမှ မငြင်းချင်သေးပါဘူး။ လက်ရှိကတော့ အာဆင်နယ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ (အင်္ဂလန်နည်းပြလုပ်ရန်) မဖြစ်လာဘူးလို့ မပြောနိုင်ဘူးလေ" လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်အသင်းမှာ နှစ်ပေါင်း ၂၀ ကြာပြီဖြစ်တဲ့ အာစင်ဝင်းဂါးရဲ့ စာချုပ်သက်တမ်းက ဒီရာသီကုန်အထိသာ ချုပ်ဆိုထားတာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ