EPL: မန်ယူကစားသမားများအကြောင်းသိရန် အချိန်ပိုယူရမည်ဟု နည်းပြမော်ရင်ဟို ပြော

မန်ယူအသင်းအကြောင်းနဲ့ ကစားသမားတွေအကြောင်းကို သိဖို့ နေ့တိုင်းလေ့လာသင်ယူနေရတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်ယူအသင်းရဲ့ အခြေအနေကို ပိုပြီးသိရှိဖို့အတွက် ဒီထက်ပိုပြီးအချိန်ယူရဦးမယ်လို့ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ကစားသမားတွေအကြောင်းကို သိဖို့လည်း နေ့တိုင်းလေ့လာနေရတယ်လို့ မော်ရင်ဟိုကပြောပါတယ်။

မန်ယူအသင်းကို မော်ရင်ဟိုကိုင်တွယ်တာ ဆယ်ပွဲရှိသွားခဲ့ပြီးဖြစ်ပြီး အသင်းရဲ့အကောင်းဆုံးပုံစံ မရသေးတဲ့အပေါ် ဝေဖန်မှု အချို့ရှိနေခဲ့တာပါ။ တနင်္ဂနွေနေ့မှာ ကစားမယ့် စတုတ်စီးတီးနဲ့ပွဲမတိုင်ခင် အခုလိုပြောကြားလိုက်တာဖြစ်ပြီး အသင်းကို အကောင်းဆုံးအခြေအနေရောက်အောင် လုပ်ပေးနိုင်မယ့် ပရိသတ်မမြင်ဖူးသေးတဲ့ ကစားသမားအချို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။

play

 

" ဒီထက်ပိုပြီး ကျွန်တော်အချိန်လိုပါတယ်။ ကစားသမားတွေ ကစားတာလည်း ကြည့်ရဦးမယ်။ သူတို့ မတူညီတဲ့ အခြေအနေတွေမှာ ဘယ်လိုကစားနိုင်လဲဆိုတာ ကြည့်ဖို့လိုသေးတယ်။ သူတို့အကြောင်းသိဖို့အတွက် နေ့တိုင်းလေ့လာစရာတွေ အများကြီးပါပဲ။ သူတို့နဲ့ အလုပ်လုပ်တဲ့အခါ အံ့အားသင့်စရာတွေက မမြင်ကွယ်ရာမှာ အမြဲတမ်း ဖြစ်နေကျပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ