EPL: နည်းပြဂွီဒိုလင်ကို ထုတ်ပြီး ရွိုင်ယန်ဂစ်ကို ဆွမ်းဆီးနည်းပြခန့်အပ်ရန် နီးစပ်နေ

ဒီနှစ်ပရီးမီးယားလိဂ်မှာ ဆွမ်ဆီးနည်းပြ ဂွီဒိုလင်ဟာ ပထမဆုံးအထုတ်ခံရတဲ့နည်းပြဖြစ်လာဖို့ ရေပန်းစားနေပါပြီ။

 

ရလဒ်တွေဆိုးရွားနေတဲ့ ပရီးမီးယားလိဂ် ကလပ် ဆွမ်ဆီးအသင်းက လက်ရှိနည်းပြကို ထုတ်ပယ်ပြီး မန်ယူအသင်း လက်ထောက်နည်းပြဟောင်း ရွိုင်ယန်ဂစ်ကို ခန့်အပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ဆွမ်ဆီးအသင်းက လီဗာပူးကို ၂-၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဘုတ်အဖွဲ့က နည်းပြ ဂွီဒိုလင်ကို ထုတ်ပယ်ဖို့ စီစဉ်ထားပြီးပြီဖြစ်ကြောင်း တယ်လီဂရက်ဖ်သတင်းစာက ရေးသားဖြော်ပပါတယ်။ ဂွီဒိုလင်ဟာ ဒီနှစ်ပရီးမီးယာလိဂ် ဘောလုံးအသင်းတွေထဲမှာ အထုတ်ခံရတဲ့ ပထမဆုံးနည်းပြဖြစ်လာနိုင်ပါတယ်။

 

နည်းပြဗန်ဟားလ်လက်အောက်မှာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့ ရွိုင်ယန်ဂစ်နဲ့ ဆွမ်ဆီအသင်းပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လန်ဒန်မြို့မှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့လည်း ဆိုပါတယ်။ အတွင်းသတင်းတွေရဲ့ အဆိုအရ ရွိုင်ယန်ဂစ်ကိုဆွမ်ဆီးနည်းပြအဖြစ်ခန့်အပ်ဖို့ ဘုတ်အဖွဲ့က သဘောကျနေပေမဲ့ အသင်းရဲ့အဓိက ရှယ်ယာရှင်နှစ်ဦးက ပိတ်ဆို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ