EPL: မာရှယ်ဦးဆောင်ဂိုး သွင်းပေးခဲ့သော်လည်း မန်ယူ စတုတ်စီးတီးကို သရေကျ

အိမ်ကွင်းမှာ စတုတ်စီးတီးကိုနောက်ကျချေပဂိုး ခွင့်ပြုလိုက်ရလို့ မန်ယူသရေသာ ရခဲ့ပါတယ်။

play


စတုတ်စီးတီးကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့မန်ယူအသင်းဟာ ဒီပွဲမှာလည်း အသင်းခေါင်းဆောင် ဝိန်းရွန်နေးကို အရန်ခုံပို့ပြီး ကွင်းလယ်မှာ မာတာနဲ့ လင်ဂတ်ကို ပွဲထွက်ကစားစေခဲ့ပြန်ပါတယ်။ စတုတ်စီးတီးကတော့ တိုက်စစ်အတွက် အာနောက်တိုဗစ်နဲ့ ဘိုနီတို့ကိုပွဲထုတ်ခဲ့တာပါ။

play

 

မန်ယူအသင်းက စတုတ်စီးတီးဘက်ကို အစဉ်အလာအတိုင်းဖိအားပေး ကစားနိုင်ခဲ့ပေမဲ့ အမှားအယွင်းကင်းပြီး ကျစ်လစ်နေတဲ့ စတုတ်စီးတီးနောက်တန်းကို ဂိုးသွင်းဖို့ ခက်နေခဲ့ပါတယ်။

စတုတ်စီးတီးတိုက်စစ်မှာ ဘိုနီက တစ်ယောက်တည်းရုန်းကန်နေရသလို ဖြစ်ခဲ့တာကြောင့်လည်း မန်ယူအသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ လောက်အထိ ဂိုးရနိုင်တဲ့ အခွင့်အရေး သုံးကြိမ်ထက် မနည်းရခဲ့ပေမဲ့ အီဗရာဟီမိုဗစ်ခ်ျနဲ့ ပေါ့ဂ်ဘာတို့ အဆုံးသတ်မှု အားနည်းခဲ့ပါတယ်။

play


ဒုတိယပိုင်း ၆၇ မိနစ်မှာ မန်ယူက မာတာနဲ့ လင်ဂတ်ကို ထုတ်ပြီး ရွန်နေးနဲ့ မာရှယ်ကို ထည့်ကာ တိုက်စစ်အားမြှင့်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို မန်ယူဘက်က မိနစ်ပိုင်းအတွင်းရခဲ့ပါတယ်။

play


လူစားဝင်လာတဲ့ ရွန်နေးနဲ့ မာရှယ်ရဲ့ အားထုတ်မှုကတစ်ဆင့် မာရှယ်ကပဲ အဖွင့်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးဧရိယာအတွင်း ရွန်နေးရဲ့ ပေးပို့မှုကို မာရှယ်က ယာဘက်ဂိုးထောင့်ထဲ အပြင်းကန်သွင်းယူလိုက်တာပါ။

ဒါပေမဲ့ ၈၂ မိနစ်မှာ မန်ယူချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ဒီဂီယာအမှားကတစ်ဆင့် ဘားတန်းထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဂျိုးအယ်လန် ဂျိုးအယ်လန်က သွင်းယူလိုက်တာဖြစ်ပါတယ်။

play
play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ